လမ်းမှာပန်းခြံမှာ9နှစ်10နှစ်ကလေးတွေတွေ့ရင်သနားလို့ဆိုပြီးပိုက်ဆံပေးမုန့်ကြွေး အရောဝင်တာမျိုးမလုပ်ပါနဲ့

မိန်းကလေးဖြစ်ဖြစ် ယောက်ျားလေးဖြစ်ဖြစ်မြို့ထဲသွားရင်သတိထားလို့ရအောင်ပါ.. !!

လမ်းမှာပန်းခြံမှာ ၉နှစ် ၁၀နှစ်ကလေးတွေတွေ့ရင် သနားလို့ဆိုပြီးပိုက်ဆံပေးမုန့်ကြွေး အရောဝင်တာမျိုးမလုပ်ပါနဲ့ဒီနေ့ မြို့ထဲ၃၅လမ်းအထက်ဘလောက် လမ်းကြားထဲကပန်းခြံမှာ သူငယ်ချင်း၂ယောက်နဲ့ဓာတ်ပုံသွားရိုက်တာတစ်ယောက်ထဲဆော့နေတဲ့ကလေးကိုတွေ့တော့ ညီမလည်းသနားပြီးပါတဲ့မုန့်လေးတွေပေးလိုက်ပါတယ် ကောင်းကောင်းမွန်မွန်နဲ့ ကျေးဇူးပါမကြီး ဆိုပြီး ပစ္စည်းတွေတောင်ကူကိုင်ပေးပါတယ်

နောက်တော့ နည်းနည်းဝေးတဲ့ဆီသွားပြီး ရေသန့်ဘူးထဲကိုအဝါရောင်အရည်လိုလိုတွေထည့်ထားတဲ့ဘူးကိုထုတ်ရှူပါတယ်အဲ့ကထဲကမူမှန်တော့တာပါ ညီမဓာတ်ပုံရိုက်တဲ့နားမှာ ဘယ်ကပါလာမှန်းမသိတဲ့ သံဘူးလိုဟာကိုမြေကြီးကိုပေါက်ချလိုက်ပါတယ် လေတိုက်တဲ့အချိန်နဲ့ကြုံပြီး

ညီမမျက်ကပ်မှန်ကိုကပ်သွားတော့ မျက်ရည်တွေကျပြီးမျက်လုံးဖွင့်လို့အဆင်မပြေဖြစ်လာရော အဲ့တာနဲ့အခြေနေမကောင်းဘူး မျက်ကပ်မှန်ချွတ်ရမယ်ဆိုပြီးသူငယ်ချင်းအိမ်ကိုပြေးဖို့လုပ်ရပါတယ်အဲ့တာကိုဘယ်ဝင်သွားတာလဲ ပြစမ်းဆိုပြီးအတင်းကပ်လာတော့ ညီမလည်း စိတ်အနှောက်အယှက်ဖြစ်တဲ့အကြောင်း သွားတော့မယ့်အကြောင်းကို ကောင်းကောင်းမွန်မွန်ရှင်းပြတာကို နားမလည်ပဲ ရိုင်း”စိုင်း”တွေအော်ဟစ်ပြီးနဲ့ ညီမဘေးကအတင်းကပ်လိုက် တော့ မုန့်ဖိုး၅၀၀ပေးပြီးမလိုက်တော့ဖို့ပြောပါတယ်ပိုက်ဆံပေးလိုက်ပြီးကထဲကပိုဆိုးလာပါတယ် ပါးစပ်ကလည်းအရွယ်နဲ့မလိုက်အောင် သူ့ထက်အသက်၁၀နှစ်လောက်ကြီးတဲ့ညီမကိုရမ်းလန်းတယ် ကိုက်စားချင်စရာလေးဆိုတာမျိုးတွေပြောပါတယ်အဲ့တာနဲ့အနီးနားမှာရှိတဲ့ယာဉ်ထိန်းရဲကို အကူအညီတောင်းတော့ ရဲကအဲ့ကလေးကိုအော်ငေါက်လိုက်ပါတယ်

ရဲစခန်းကိုဖုန်းဆက်ခိုင်းတယ်အဲ့တာကိုရဲကိုရှောင်ပြီး ဆက်လိုက်လာတာ အော်လည်းမရပြောလည်းမရပါဘူး အဲ့တာကြောင့်၆လွှာမှာရှိတဲ့ သူငယ်ချင်းအိမ် ထိပြေးသွားပြီးအန်တီကိုအကူညီတောင်းမှပဲ ပိုက်ဆံယူပြီးအောက်ဆင်းသွားပါတယ် အဲ့တာတောင် တိုက်အောက်မှာဆက်စောင့်နေပါသေးတယ်အန်တီကစခန်းပို့မယ်ပြောတော့ ပို့လည်းလွတ်မှာပဲတဲ့ ဘယ်စခန်းလဲ ကျောက်တံတားလား ဟံသာဝတီထိပို့မလား ပြီးရင်ပြန်လွှတ်တာပဲ ပြန်လာမှာပဲတဲ့ ကလေးတွေက ကလေးနဲ့မတူပါဘူး ဓားပြအသေးစားတွေဖြစ်နေပါပီ သက်ဆိုင်ရာကဒီကလေးတွေနဲ့ပတ်သက်ပြီးတစ်ခုခာလုပ်သင့်တယ်လို့လဲထင်ပါတယ် အရင်တုန်းက လှည်းတန်းတို့မြေနီကုန်းတို့မှာပိုက်ဆံအတင်းလိုက်တောင်းတဲ့ကလေးတွေက ပေးလိုက်ရင်ထွက်သွားပါတယ် ဒီကလေးလို့ ရိုင်းရိုင်းစိုင်းစိုင်းတွေပြောပြီးဆက်မလိုက်ပါဘူး မိန်းကလေးတွေတစ်ယောက်ထဲသွားရင်မလွယ်ပါဘူးအဲ့ကလေးပါ လမ်းမှာတွေရင်ညီမလို မေတ္တာရှင်မကြီးလုပ်ပြီးမုန့်တွေသွားမပေးကြပါနဲ့ တော်တော်လေးလည်းမှတ်သွားပါပီ မြို့ထဲသွားရင် ဆင်ခြင်လို့ရအောင်တင်ပေးလိုက်တာပါ