မြန်မာ့ဂုဏ်ဆောင်အဖြစ် Myanmar’s Pride ဆုကြီးကိုရရှိခဲ့တဲ့ သက်ထားသူဇာ

သက်ထားသူဇာကတော့ လတ်တလောမှာ ပေါ်တူဂီနိုင်ငံ အိုလံပစ်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရေးအတွက် ပြိုင်ပွဲဝင်ဖို့ရောက်နေပါတယ်။

သက်ထားသူဇာကတော့ ပေါ်တူဂီပြိုင်ပွဲ နဲ့ ပိုလန် ပြိုင်ပွဲနှစ်ခု Corona Virus Case ကြောင့် Cancel ဖြစ်သွားလို့ စိတ်မကောင်းဖြစ်နေပေမဲ့ ဒီနေ့ မြန်မာနိုင်ငံမှာ ကျင်းပနေတဲ့ Myanmar Pride Award ဆုပေးပွဲမှာ ဆုရရှိတာ သိရတဲ့အတွက် ဂုဏ်ယူပျော်ရွှင်ဖြစ်နေခဲ့ရပါတယ်။

သက်ထားသူဇာက Myanmar’s Pride ဆိုတဲ့ အတိုင်း မြန်မာ့ဂုဏ်ဆောင် အဖြစ် ဆုရရှိတာ ဖြစ်လို့လည်း ပိုပြီး ကျေနပ်ပျော်ရွှင်နေမိကြောင်း၊ ဆက်လက်ပြီးတော့လည်း မြန်မာလို့ ကမ္ဘာမှာဝံ့ကြွားနိုင်တဲ့ အားကစားသမားတစ်ဦးအဖြစ်

ခုထက်ပို ကြိုးစားသွားဦးမှာဖြစ်တဲ့ အကြောင်းတွေကိုလည်း ဖော်ပြထားခဲ့ပါသေးတယ်။ ပရိသတ်ကြီးရေ သက်ထားကတော့ ဒီဆုကိုရရှိအောင် အားပေးထောက်ကူကြလို့ရရှိလာတာဖြစ်တဲ့ အတွက် အားပေးကြသူတစ်ယောက်ချင်းစီကို အထူးကျေးဇူးတင်ပါတယ်တဲ့။