အွန်လိုင်းပေါ်ပျံ့နှံ့နေတဲ့ ခိုးရိုက်ပုံတွေကိုမတင်ကြပါနဲ့တော့လို့ မေတ္တာရပ်ခံလိုက်တဲ့ စိုင်းစိုင်းခမ်းလှိုင်

အနုပညာလောကမှာ ဆယ်စုနှစ်တစ်ခုတိုင်အောင် အောင်မြင်မှုကိုထိန်းသိမ်းထားနိုင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်သလို မိန်းကလေးပရိသတ်တွေရဲ့ သည်းသည်းလှုပ်အားပေးဝန်းရံခြင်းခံရတဲ့ သူကတော့ သရုပ်ဆောင် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ပဲဖြစ်ပါတယ် ။

အချစ်သီချင်းလေးတွေနဲ့ ပရိသတ်တွေကို ဖမ်းစားတတ်သလို ရုပ်ရှင်ကားကြီးတွေလည်းရိုက်ကူးနေတဲ့ စိုင်းစိုင်းကတော့ အခုချိန်ထိ ဆယ်ကျော်သက်လေးတစ်ယောက်လို နုပျိုခန့်ညားနေဆဲဖြစ်တဲ့ အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ် ။

လတ်တလောမှာတော့ ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုနဲ့ လူမှုကွန်ရက်စာမျက်နှာတွေထက်မှာ ရေပန်းစားအောင်မြင်နေတဲ့ ပိတောက်ကတဲ့ဂီတဆိုတဲ့ သူ့ရဲ့ရုပ်ရှင်ကားကြီးကိုရုံတင်ထားတာဖြစ်ပြီး မန်းသင်္ကြန်ရဲ့အငွေ့သက်လေးတွေ ဖုံးလွှမ်းနေတဲ့ ဒီကားလေးကို ပရိသတ်တော်တော်များများက အကြိုက်တွေ့နေကြပါတယ် ။

ဒီကားရုံတင်တာနဲ့ပတ်သတ်ပြီး ရုပ်ရှင်ရုံထဲမှာ ဖုန်းနဲ့ခိုးရိုက်တာတွေ လိုင်းပေါ်ပြန်တင်တာတွေဟာ သူ့ကို ချစ်ရာမရောက်ဘဲ ဒုက္ခပေးရာရောက်တဲ့အတွက် ဖုန်းနဲ့မရိုက်ပါနဲ့Story မတင်ပါနဲ့ လိုင်းပေါ်မတင်ပါနဲ့ လို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ ဆိုတဲ့စာသားလေးနဲ့အတူ သူ့ရဲ့ဖေ့ဘုတ်စ် စာမျက်နှာထက်ကနေ ပရိသတ်တွေကို မေတ္တာရပ်ခံခဲ့တာဖြစ်ပါတယ် ။

စိုင်းစိုင်းကိုချစ်ကြတဲ့ ပရိသတ်တွေကလည်း တကယ်အားပေးချစ်ခင်တယ်ဆိုရင် ရုံထဲကပုံတွေကို လူမှုကွန်ရက်စာမျက်နှာတွေထက်မှာ ဓာတ်ပုံရိုက်ပြီး ပြန်လည်မတင်ကြပါနဲ့နော်။

ပိတောက်ကတဲ့ ဂီတ ရုပ်ရှင်ကားကြီးကို ကြည့်ပြီးတဲ့ပရိသတ်တွေကတော့ ကြည်နူးမှုတွေရော ဝမ်းနည်းရတာတွေရော ရောပြွန်းနေတဲ့ ရုပ်ရှင်ကားကောင်းကြီးကို အားပေးတယ်ဆိုရင် ပုံတွေ မဖြန့်ဖို့ ဆယ်လီကမ္ဘာပရိသတ်ကြီးကို ထပ်မံမေတ္တာရပ်ခံလိုက်ပါတယ်နော်။

credit – Cele Gabar