ဘဝတူချင်းမို့ ကိုယ်ချင်းစာနာစွာ မိဘမဲ့ကလေးကျောင်းတွေမှာသွားရောက်လှူဒါန်းပေးမယ့် ယုန်လေးနဲ့ Jessie

ယုန်လေးကတော့ လူငယ်ပရိသတ်တွေပါးစပ်ဖျားမှာရေပန်းစားခဲ့တဲ့သီချင်းပေါင်းများစွာကို သီဆိုခဲ့ပြီး အခုဆိုရင် သရုပ်ဆောင်၊ဒါရိုက်တာတစ်ယောက်အနေနဲ့ပါ အောင်မြင်မှုရရှိနေပြီဖြစ်ပါတယ်။

ဒါရိုက်တာတစ်ယောက်အနေနဲ့ Original Gangster ကနေစတင်ခဲ့တဲ့ယုန်လေးကတော့ မြန်မာပရိသတ်တွေနဲ့အသားမကျသေးတဲ့ ခပ်ကြမ်းကြမ်း အက်ရှင်ကားတွေကို ပရိသတ်တွေအမြင်တမျိုးဆန်းသွားအောင် တင်ဆက်ခဲ့ပြီး

အခုဆိုရင် ဇာတ်ကားပေါင်းများစွာရုံတင်ပြသခဲ့ပြီးရုံမက လာမယ့်(၁၉)ရက်နေ့မှာလည်း ပရိသတ်တွေမျှော်လင့်စောင့်စားနေကြတဲ့ Original Gangster-3 ကိုရုံတင်ပြသတော့မှာဖြစ်ပါတယ်။

ယုန်လေးကတော့ ဒါရိုက်တာတစ်ယောက်အနေနဲ့ ဇာတ်ကားပေါင်းများစွာကို ဆက်တိုက်ဆိုသလိုရိုက်ကူးနေသူဖြစ်ပြီး သီချင်းဘက်ကိုရပ်ထားသူလည်းဖြစ်ပါတယ်။ဒါပေမယ့် မကြာသေးခင်ကမှ

သူ့ရဲ့သီချင်းတွေကိုတောင်းဆိုနေတဲ့ပရိသတ်တွေအတွက် စိတ်ကူးနဲ့ပဲ ဆိုတဲ့သီချင်းလေးကို သီဆိုခဲ့ပြီး ထိုင်းမော်ဒယ်လ်သရုပ်ဆောင် Jessie နဲ့အတူတူတွဲဖက်သရုပ်ဆောင်ကာ Music Video တစ်ခုရိုက်ကူးခဲ့ပါသေးတယ်

ဖြူဖွေးလွန်းတဲ့ အသားအရည်နဲ့ချစ်ဖို့ကောင်းလွန်းတဲ့ ထိုင်းကပြားမလေး Jessie ကိုတော့ ဒီသီချင်းလေးထဲမှာ ပရိသတ်တွေမှတ်မှတ်ထင်ထင်ရှိခဲ့ကြမှာပါ။ထပ်ပြီးတော့လည်း Jessie နဲ့အတူတူ အစီအစဉ်တွေ ထပ်ရှိသေးတဲ့အကြောင်းကို “16 ရက်နေ့ . ORIGINAL GANGSTER 3 Gold Carpet ကို Jessie လည်းလာတက်ပါမယ်…

ကျွန်တော့်နဲ့ သူနဲ့က ဘဝတူပါ .မိဘတွေ မပြည့်စုံကြဘူး . 15 ရက်နေ့ တကယ်လိုအပ်တဲ့ မိဘမဲ့ကလေး ကျောင်းတစ်ခုမှာ လိုအပ်တာတွေလှူပြီး ကျွန်တော်တို့လို မိဘမဲ့လေးတွေကိုပျော်အောင်လုပ်ပေးဖို့ အစီစဉ်ရှိပါတယ်။ကလေးတွေများပြီး တကယ်လိုအပ်တဲ့ မိဘမဲ့ကျောင်းများ ရှိရင်ပြောပေးပါ” ဆိုပြီးရေးသားခဲ့ပါတယ် ပရိသတ်ကြီးရေ..

ယုန်လေးကတော့ မကြာခဏဆိုသလို လိုအပ်နေတဲ့နေရာတွေကိုရွေးချယ်လှူလေ့ရှိသူတစ်ယောက်ဖြစ်ပြီး အခုတစ်ခေါက်မှာလည်း Jessie နဲ့အတူတူ မိဘမဲ့ကလေးကျောင်းမှာ သွားရောက်လှူဒါန်းပေးသွားမှာဖြစ်ပါတယ်။

ကလေးတွေများပြီး တကယ်လိုအပ်တဲ့ကျောင်းရှိရင် ပြောပေးကြပါဦးနော်လို့လည်း တောင်းဆိုထားပါသေးတယ် ပရိသတ်ကြီးရေ.. စိတ်ထားကောင်းတဲ့ကိုယုန်လေး လာမယ့်(၁၉)ရက်နေ့ Original Gangster-3 ရုံတင်ရင်လည်း ပရိသတ်တွေရုံပြည့်ရုံလျှံဝန်းရံအားပေးခြင်းကို ရရှိနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။