ပရိသတ်တွေဆီက အခွေထုတ်ဖို့အတွက်(၁၂၆)သိန်းတိတိ မွေးနေ့လက်ဆောင်ရရှိခဲ့တဲ့ အေးမြဖြူ

ပြည်သူ့အသည်းကျော် အနုပညာရှင် ဆယ်လီတွေထဲမှာ Myanmar Idol အစီအစဉ်ကနေ ပရိသတ်တွေရဲ့ ရင်ထဲတိုးဝင် နေရာယူထားနိုင်သူလေးကတော့ အဆိုတော်မလေး အေးမြဖြူကလည်း အားလုံးက ချစ်ခင်နေကြသူလေးပဲ ဖြစ်ပါတယ်..။

အသက်ငယ်ငယ်လေးနဲ့ အနုပညာလောကမှာ ကိုယ်ပိုင်အရည်အချင်းတွေနဲ့အတူ အောင်မြင်လာကာ လူကြီးလူငယ် မရွေး အားလုံးက ချစ်ခင်အားပေးဝန်းရံကြတဲ့ အေးမြဖြူလေးကတော့ အသံကောင်းပြီး သီချင်းဆိုကောင်းတဲ့အပြင် ချစ်စရာကောင်းတဲ့ မျက်နှာချိုချိုလေးကြောင့် ပရိသတ်တွေက အမြဲအချစ်ပိုနေကြတာပါ..။

အေးမြဖြူ ကတော့ ပြီးခဲ့တဲ့ရက်က ကျရောက်ခဲ့တဲ့ သူမရဲ့ အသက်(၁၇)နှစ်ပြည့် မွေးနေ့အခမ်းအနားပွဲလေးကို မတ်လ(၉)ရက်နေ့က ရန်ကုန်မြို့ ကန်တော်ကြီး မျှော်စင်ကျွန်းမှာ မိသားစုတွေအပြင် ချစ်ရတဲ့ပရိသတ်တွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင် အေးအေးချမ်းချမ်းလေးကျင်းပပြုလုပ်ခဲ့ပါတယ်နော်..။

မနက်ပိုင်း အလှူတွေ ဆက်တိုက်လုပ်ပြီး ကုသိုလ်ယူခဲ့တဲ့ အေးမြဖြူလေးကို သူမရဲ့အသက်(၁၇)နှစ်ပြည့် မွေးနေ့လေးအတွက် မွေးနေ့လက်ဆောင်အဖြစ် တေးစီးရီးအခွေထုတ်တဲ့နေရာမှာ အသုံးပြုဖို့အတွက် ငွေကျပ်(၁၂၆) သိန်းကို ပရိသတ်တွေကလည်း လက်ဆောင်ပေးခဲ့ကြတာလည်း

ကြည်နူးပျော်ရွှင်စွာ တွေ့မြင်ရမှာပါနော်..။ ပရိသတ်အသည်းတော်လေး အေးမြဖြူကတော့ Fan တွေရဲ့ အချစ်တွေကြောင့် ကြည်နူးပျော်ရွှင်ရသလို ပန်းရောင်ဖက်ရှင်လေးနဲ့ လိုက်ဖက်ညီ ချစ်စရာကောင်းကာ ကလေးလေးတစ်ယောက်လို ပျော်နေတဲ့ မွေးနေ့ရှင်လေး သူမရဲ့ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေသဘောကျအချစ်ပိုနေကြဦးမှာပါနော်..

အေးမြဖြူလေးဟာ မွေးနေ့ မနက်ပိုင်းမှာလည်း အိမ်သစ်တက်မင်္ဂလာအလှူလေးနဲ့ အရိုးဆေးရုံကြီးမှလူနာနဲ့ လူနာရှင်တွေအတွက် မနက်စာ လှူဒါန်းခဲ့တဲ့အပြင် နေ့လည်ပိုင်းမှာ သိမ်ဖြူဈေးနားမှာ ဆန်ဆီ ကြက်ဥ ခေါက်ဆွဲတွေ လှူဒါန်းခဲ့ပြီး ညနေပိုင်းမှာတော့ မွေးနေ့ပွဲလေး ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်နော်..။

credit