နောက်ထပ် (၁၅) ရက်ခန့် ကျင်းပပေးရန်တောင်းဆိုလိုက်တဲ့ ရွှေစက်တော်ဘုရားပွဲ ဈေးသည်များ

မန်းရွှေစက်တော်ဘုရားပွဲတော် ပိတ်သိမ်းလိုက်သဖြင့် ပွဲတော်သောင်ပြင်ရှိ လုပ်ငန်းရှင်များ ဈေးသည်များက လုပ်ငန်း လုပ်ကိုင်နိုင်ရန်အတွက် ဘုရားကြီးသို့သွင်းထားသည့် ဘဏ္ဍာငွေမှ (၇၅)ရာခိုင်နှုန်း ပြန်ရလိုကြောင်း ၊

နောက်နှစ်ဘုရားပွဲတော်ချိန်မှာလည်း လုပ်ငန်းရှင်းများက ယခုနှစ်ရရှိတာသော လုပ်ငန်းနေရာများအတိုင်း ပြန်လည်ပေးရန် နဲ့ ဘုရားပွဲတော်ကို နောက်ထက် (၁၅)ရက်ခန့်ကျင်းပပေးရန် တောင်းဆိုခဲ့ကြပါတယ်။

အခုလိုတောင်းဆိုတာက မန်းရွှေစက်တော်ဘုရားပွဲတော်ပိတ်သိမ်းရန်အတွက်မတ်လ(၁၃)ရက်နေ့ နံနက်(၁၀)နာရီအချိန်က မန်းရွှေစက်တော်ဘုရားသုံးထပ်ဆောင်မှာ သြဝါဒဆရာတော်ကြီးများ တိုင်းအစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့၊ လုပ်ငန်းရှင်များ၊ ဈေးသည်များတွေ့ဆုံ ဆွေးနွေးပွဲပြုလုပ်ခဲ့ရာမှာ တောင်းဆိုတာပါ။

“ဈေးသူဈေးသားအားလုံးက ဒုက္ခရောက်နေကြပါတယ် ဆိုင်ထွက်ဖို့ငွေအတိုးယူပြီးလာကြတဲ့သူတွေလဲရှိတဲ့အတွက် အတော်ဒုက္မရောက်ပါတယ် အဲ့ဒီအတွက် ဘုရားပွဲကို (၁၅)ရက်လောက် ဖွင့်ပေးစေချင်ပါတယ်၊

ဘုရားဖူးလာပြည်သူတွေကို လမ်းကနေပိတ်ပင်တားဆီးတာတွေမလုပ်စေချင်ဘူး”လို့ မန်းရွှေစက်တော်ဘုရားပွဲမှာ မှီခိုလုပ်ကိုင်သူ ဦးရဲကိုကပြောပါတယ် ကိုရိုနာဗိုင်းရပ်စ်ပိုးပျံ့နှံ့မှုသည် နိုင်ငံနဲ့အဝှမ်းဖြစ်နေတာဖြစ်တဲ့အတွက် ဒီရောဂါအနေအထားက ကပ်ရောဂါဖြစ်နေတဲ့အတွက် အခုလိုပိတ်ရတာကံတရားပေါ့၊

လက်ရှိမှာတော့ ရွှေစက်တော်ဘုရားပွဲလာသူတွေ ဘုရားကြီးကိုအမှီပြုအလုပ်လုပ်ကိုင်သူတွေမှာ ရောဂါပိုးမရှိသေးပါဘူး၊ အေးအေးချမ်းချမ်းပါဘဲဟု တည်းကျောင်းလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဦးမျိုးကြည် ကပြောပါတယ်။

နိုင်ငံအဝှမ်းမှာပျံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးနဲ့ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မှ မတ်လ(၁၁)ရက်နေ့က ကိုရိုနာဗိုင်းရပ်စ်ပိုးကို ကမ္ဘာ့ကူးစက်မြန် ကပ်ရောဂါအဖြစ်ထုတ်ပြန်လိုက်တာကြောင့် ကြိုတင်ကာကွယ်မှုအနေနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့မှ

မတ်လ(၁၂)ရက်နေ့က ပြုလုပ်တဲ့ အစည်းအဝေးမှာ မည်သည့်ပွဲလမ်းသဘင်ကိုမှာခွင့်မပြုဘူးဆိုတဲ့ ညွှန်ကြားချက်ကြောင့် မတ်လ(၁၃)ရက် နေ့မှစတင်ကာ မန်းရွှေစက်တော်ဘုရားပွဲတော်ကို ပိတ်သိမ်းတာဖြစ်ကြောင်း လူဝန်မှုကြီးကြပ်ရေးနှင့် လူစွမ်းအားအရင်းမြစ်ဝန်ကြီး ဦးမြင့်အောင်က ပြောပါတယ်။

မန်းရွှေစက်တော်ဘုရားပွဲကြီးမှာအမှီပြုလုပ်ကိုင်သူတွေကို ပစ္စည်းသိမ်းချိန် ရက်ကန့်သက်ပေးသွားမှာဖြစ်ပြီး ဒီကနေ့မှစတင်ကာ ဘုရားဘူးလာပြည်သူတွေကို ဂိတ်တွေကနေ တားစီးပိတ်ပင်နေ​ပြီလို့ သိရပါတယ်။

ဒီခုနှစ်မန်းရွှေစက်တော်ဘုရားပွဲတော်မှာ တည်းကျောင်းလုပ်ငန်းရှင် ၁၁၅ ဦး၊ ပျံကျလုပ်ငန်းရှင် ၂၄၆ဦး ၊ဈေးဆိုင်ခန်း ၁၀၃၁ ဦး ၊ရေချမ်းစင်၊ ညောင်ထောက်၊ ကန်တော့ပွဲ၊ ဖိနပ်ထိန်း၊ ရေစီးဘော၊ သန့်စင်ခန်း ၊ဓာတ်ပုံ စုစုပေါင်း ၃၈ ဦးနဲ့ ရေနွေးချမ်းရောင်းသူ အသုပ်ရောင်းသူ စတဲ့

လုပ်ငန်းလုပ်ကိုင်သူ ၁သိန်းကျော်မှီခိုလုပ်ကိုင်တဲ့ ပွဲတော်ကြီးဖြစ်ပါတယ်မန်းရွှေစက်တော်ဘုရားပွဲတော်ကို နှစ်စဉ် တပိုတွဲလဆန်း၅ရက်နေ့မှ တန်ခူးလဆန်း၁ရက်နေ့အထိ ဖွင့်လှစ်ကျင်းပလျှက်ရှိတယ်လို့ သိရပါတယ်။

လေးစားစွာဖြင့် credit – ရွာသား(မကွေး)၊ မကွေးဂျာနယ်