သူ့ရဲ့ကြိုးစားမှုတွေနဲ့ အနုပညာချပြမှုတွေဟာ သဲထဲရေသွန်သလိုဖြစ်နေရတာကြောင့် စိတ်ထိခိုက်နေရတဲ့ စိုင်းစိုင်း

နှုတ်ခမ်းနီမလေးတွေရဲ့အသည်းကျော် နာမည်ကြီးအဆိုတော်ဖြစ်တဲ့ စိုငိးစိုင်းခမ်းလှိုင်ကတော့ ရုပ်ရှင်ဘက်ပိုင်းမှာ ပထမဆုံးထုတ်လုပ်ရိုက်ကူးခဲ့တဲ့ ”ပိတောက်ကတဲ့ ဂီတ”ရုပ်ရှင်ဇာတ်ကားကြီးဟာ မတ်လ ၅ ရက်နေ့မှာ စတင်ပြသခဲ့ပြီး လက်ရှိ ရုံတင်ပြသနေပေမယ့် လူဝင်ကြည့်ခြင်း မရှိ

တော့တာကြောင့် ဝမ်းနည်းမိတဲ့အကြောင်းလေးနဲ့ သူ့ရဲ့ ဆန္ဒလေးတွေကို မတ်လ ၁၅ ရက်နေ့မှာတော့ သူ့ရဲ့လူမှုကွန်ယက် စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်။ စိုင်းစိုင်းက သူ့ရဲ့ ရင်တွင်းခံစားချက်လေးတွေကို ”ရုပ်ရှင်ရုံတွေကို တခြားပွဲလမ်းတွေလိုပဲ တရားဝင်ပိတ်ပေးလိုက်ရင် ကောင်းမှာပဲ။

ဒီအခြေအနေမှာ ကျွန်တော်ရုပ်ရှင်လာကြည့်ပါလို့လည်း ပရိသတ်ကို အတင်းမကြော်ငြာ မတိုက်တွန်းချင်ဘူး။ ပိတ်လိုက်ပြီး အခြေအနေကောင်းမှ အေးဆေးပြန်ပြခွင့်ရချင်မိတယ်။ အခုအတိုင်းကတော့ လူမရှိဘဲဆက်ပြ ပြီးရင်ဆင်းပေးရမယ်။ ပြန်ပြလို့ မရတော့ပါ။ နောက်ပြမယ့်ကားတွေ

လည်း ဘယ်လိုလုပ်မယ်မသိဘူး။ ကျွန်တော် Birthday Show ဆိုရင် ရှင်းတယ် မလုပ်တော့ဘူး။ တရားဝင်လည်းပိတ်တယ် ခွင့်မပြုဘူး။ အခြေအနေကောင်းမှ နောက်နှစ်မှ ပြန်လုပ်မယ်။ အခု ရုပ်ရှင်ကျတော့ မပိတ်တဲ့အတွက် လူမရှိလည်း ပြရပါတယ်။ နောက်ထပ်ပြန်ပြခွင့် မရှိတော့

ပါဘူး။ ကျွန်တော့်ပရိသတ်ကိုလည်း ကျန်းမာရေးကိုပဲ ဦးစားပေး ဂရုစိုက်စေချင်ပါတယ်။ ကြိုးစားထားသမျှ နှမျောတော့ နှမျောလှပေါ့ဗျာ။ ဒါပေမယ့် ရောဂါမကူးစက်ဖို့ ကာကွယ်ဖို့က နံပါတ်တစ် အရေးအကြီးဆုံးပါပဲ။ ကျွန်တော့်ပရိသတ်တွေက ကျွန်တော့်ထက်တောင် အကောင်းကိုတွေး

ပါသေးတယ်။ Covid 19 ဒီနှစ်မှပေါ်လာတာ တော်သေးတာပေါ့တဲ့ မနှစ်ကသာဆိုရင် စိုင်းစိုင်းရဲ့ သင်္ကြန်ကားတောင် ရိုက်ဖြစ်ခဲ့မှာမဟုတ်ဘူးတဲ့ ဟုတ်သားပဲလို့ ။ပိတ်လို့ရရင် ပိတ်ပေးပါဗျာ ပြီးမှ အေးဆေးပြန်ပြခွင့်ရချင်ပါတယ်။ (ကျွန်တော် အများကြီး နားမလည်ပါဘူး။ ကိုယ့်ဆန္ဒကိုယ်

ရိုးရိုးပဲ ပြောကြည့်တာပါ။ ကျွန်တော်မှားတာရှိရင်လည်း ရှင်းပြပေးပါ။ ပြင်ပါ့မယ်။)” ဆိုပြီး တင်လာခဲ့တာပါ။ ပရိသတ်ကြီးလည်း ရုံတင်ပြသနေပေမယ့် လူကြည့်သူနည်းပါးသွားပြီး ရုံဆင်းရမယ့်အဖြစ်လေးကြောင့် ဝမ်းနည်းနေတဲ့ စိုင်စိုင်းအတွက် အားပေးစကားလေးတွေ ပြောပေးခဲ့ပါဦးနော်။