ဟိုတယ်ဖွင့်ထားတာ ၁၀ နှစ်လောက်ရှိနေပေမယ့် အဆင်မပြေလို့ ပြန်ရောင်းချင်နေတဲ့ နေမျိုးအောင်

“နေမင်းသား” ဟိုတယ်ကို ကိုယ်တိုင်ဦးစီးပြီး မလုပ်နိုင်လို့ အဆင်မပြေတဲ့အတွက် ရောင်းချင်တယ်လို့ သရုပ်ဆောင် နေမျိုးအောင်က ပြောလာပါတယ်။ “နေမင်းသား” ဟိုတယ်ကို

ဖွင့်ထားခဲ့တာ အခုဆိုရင် ၁၀ နှစ်လောက်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။ “ကိုယ်တိုင်ဦးစီးပြီး မလုပ်နိုင်ရင်တဲ့ စီးပွားရေးက အဆင်မပြေနိုင်ဘူး ဘာလို့လဲဆိုတော့ အစ်ကိုက

အနုပညာသမား ဖြစ်တဲ့အတွက်ကြောင့် အဆင်မပြေနိုင်ဘူး။ အုပ်ချုပ်မယ့်သူ၊ ကိုင်တွယ်မယ့်သူ မရှိဘူးဆိုရင် ကိုယ်လုပ်ထားတဲ့စီးပွားရေး လစ်ဟင်းတာတွေရှိတယ်။ ဟိုတယ်ကို

အမြန်လမ်းကြီး စဖွင့်ကတည်းက ဖွင့်ထားတာ။ အခုဆိုရင် ၁၀ နှစ်လောက်ရှိနေပေမဲ့လည်း သိပ်ပြီးအဆင်မပြေတဲ့အတွက်ကြောင့် ရောင်းချင်တယ်” လို့ သရုပ်ဆောင်နေမျိုးအောင်က

ပြောပါတယ်။ ၎င်းဟာ အနုပညာလုပ်ငန်းတွေလည်း ဆက်လက်လုပ်ကိုင်နေတဲ့အပြင် ပြင်ပစီးပွားရေးအနေနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေ၊ ဟိုတယ်လုပ်ငန်းတွေပါ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ၎င်းဟာ မိသားစုနဲ့အတူ ခရီးတွေထွက်ဖို့ရှိပြီး ပျော်ပျော်ရွှင်ရွှင်ပါပဲလို့ ဆက်လက်ပြောကြားပါတယ်။