ရွှေမှုံလေး ကိုယ်တိုင် လုပ်ကျွေးတဲ့ မုန့်လေးတွေကို မစားရက်နိုင်အောင် သဘောကျမဆုံးဖြစ်နေတဲ့ ရွှေထူး

မြန်မာနိုင်ငံရဲ့ ဆယ်လီအိမ်ထောင်ရှင် လူငယ်စုံတွဲတွေထဲက တစ်တွဲဖြစ်တဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ စုံတွဲလေးကိုတော့ ပရိသတ်တွေ ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ ရွှေနှစ်ရွှေအတွဲလေးကတော့ ဘယ် အနုပညာ ကဏ္ဍကမဆို ကျွမ်းကျင်ကြတဲ့ သူတွေလို့ ဆိုရမှာပါ..။

အဆိုပိုင်းမှာရော၊ သရုပ်ဆောင်မှုအပိုင်းမှာပါ ကျွမ်းကျင်တဲ့ ရွှေနှစ်ရွှေအတွဲလေးကတော့ ချစ်ခြင်းပိုင်းမှာလည်း သူမတူအောင် ချစ်တတ်ကြသူတွေလို့ ပြောရမယ် ထင်ပါတယ်နော်..။

တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန် အချစ်တွေကိုပိုကာ ရိုတတ်လွန်းလို့ ပရိသတ်တွေက အရိုနိုင်ဆုံးစုံတွဲလေးလို့ နာမည်ပြောင်လေး ပေးရတဲ့အထိပါပဲနော်..။ ဒီနေ့ မတ်လ(၁၆)ရက်နေ့မှာတော့ မိန်းမဖြစ်သူ ရွှေမှုံလေးကိုယ်တိုင်လုပ်တဲ့ မစားရက်နိုင်လောက်အောင်

ချစ်စရာကောင်းလွန်းတဲ့ မုန့်လေးတွေရဲ့ ပုံလေးတွေကို အသည်းပုံလေးတွေနဲ့အတူ သူ့ရဲ့ မိုင်ဒေးလေးမှာ တင်လာခဲ့ပါတယ်..။ရွှေထူးကတော့ မိန်းမဖြစ်သူ ရွှေမှုံလေးရဲ့ ကောင်းလွန်းတဲ့ ဟင်းချက်လက်ရာတွေကြောင့် ဝတုတ်လေးဖြစ်လာတယ်ဆိုတာ အသေအချာပါပဲနော်..။

ရွှေမှုံလေးကတော့ ကိုယ်တိုင် ဟင်းတွေ ချက်ကျွေးနေသလို ချစ်စရာကောင်းလွန်းအောင် လုပ်ထားတဲ့ မုန့်လေးတွေကိုလည်း ကိုယ်တိုင်လုပ်ကာ ခင်ပွန်းဖြစ်သူအတွက် မမောမပန်းနိုင်အောင် လုပ်ကျွေးနေတဲ့ ပုံပါပဲနော် ပရိသတ်ကြီး..။

ရွှေမှုံလေးကိုယ်တိုင်လုပ်ထားတဲ့ မုန့်လေးတွေရဲ့ ပုံလေးတွေကိုလည်း ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်..။ ပရိသတ်ကြီးလည်း ရွှေမှုံနဲ့ ရွှေထူးလေးကို အားပေးရင် မှတ်ချက်လေးတွေ ရေးပေးခဲ့ပါဦးနော်..။

Source: Htoo Khant’s Facebook
Sakura