လူဖြစ်လာတဲ့ဘဝမှာ သီလစင်ကြယ်အောင် ကြိုးစားမယ်ဆိုတဲ့ စိုးပြည့်သဇင်

ချစ်စဖွယ်အပြုံးတွေနဲ့ ရိုးသားဖြူစင်တဲ့ မင်းသမီးငယ်ငယ်လေးဆိုတာ ပရိသတ်ကြီးသိပြီးဖြစ်မှာပါနော် ။ အနုပညာမျိုးရိုးက ဆင်းသက်လာပြီး အစ်မတွေရဲ့အနုပညာ ခြေရာကို နင်းနိုင်ခဲ့တဲ့ မင်းသမီးချောလေးဆိုလည်း မမှားပါဘူး ။

ပရိသတ်တွေချစ်ခင်ရတဲ့ စိုးညီအစ်မတွေထဲက အငယ်ဆုံးညီမလေးဖြစ်ပြီး အစ်မတွေ ခြေရာကိုနင်းနိုင်တဲ့ သရုပ်ဆောင်ပိုင်နိုင်မှုတွေကြောင့် အကယ်ဒမီဆုကြီးကိုလည်း ဆွတ်ခူးရရှိထားတာပဲဖြစ်ပါတယ် ။

ဘာကောလဟာလသတင်းမှမထွက်ဘဲ အနေအေးပြီး အနုပညာအလုပ်တွေကိုသာ လုပ်ဆောင်နေတဲ့ စိုးပြည့်ကတော့ ကျွန်မသာပန်းတစ်ပွင့်ဖြစ်ခဲ့ရင်…ရနံ့မွှေးကြိုင်တဲ့ပန်းလေးဘဲဖြစ်ချင်ပါတယ်…ရနံ့ဆိုတာပန်းလေးရဲ့တန်ဖိုးမို့…..ဒီလိုပါဘဲ…

လူရယ်လို့ဖြစ်လာတဲ့ဘဝမှာသီလရနံ့သင်းအောင်ကြိုးစားပါ့မယ်….သီလဆိုတာ…လူ့တန်ဖိုးမို့ ဆိုတဲ့စာသားလေးနဲ့အတူ လူဖြစ်တဲ့ဘဝမှာ လူဖြစ်ရကျိုးနပ်အောင် သီလစင်ကြယ်တဲ့သူတစ်ယောက် အဖြစ်နေထိုင်လိုကြောင်း သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ပရိသတ်တွေကို မျှဝေပေးခဲ့တာဖြစ်ပါတယ် ။

စိုးပြည့်ကတော့ ရိုးရိုးလေးနဲ့လည်း မဟာဆန်ပြီးလှနေသလို ဆန်းဆန်းလေးနဲ့လည်း လုံခြုံခေတ်မီနေသူလေးမို့လည်း ပရိသတ်တွေက အချစ်ပိုနေရတဲ့မင်းသမီးလေးပါ ။

ပရိသတ်ကြီးအတွက် သီလစင်ကြယ်ချင်တဲ့ စိုးပြည့်ရဲ့ မြန်မာဆန်ဆန်လေးနဲ့လှနေတဲ့ ရိုက်ကွင်းပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Soe Pyae Thazin

Credit:Emily