KBZ Bank နှင့် KBZ MS General Insurance တို့မှ COVID-19 ကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းစဉ်များအတွက် ငွေကျပ်သိန်း (၁၀၀၀) ကနဦး မ,တည်လှူဒါန်းခြင်း

KBZ Bank နှင့် KBZ MS General Insurance တို့မှ COVID-19 ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းစဉ်များဆောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ကနဦး မ,တည်လှူဒါန်းမှုအဖြစ်

ကျပ်သိန်း (၁၀၀၀) ကို ပေးအပ်လှူဒါန်းသွားမည် ဖြစ်ပါသည်။ ကနဦးမ,တည်လှူဒါန်းသည့် ငွေကျပ် သိန်း (၁၀၀၀) သည် သက်ဆိုင်ရာ ပြည်သူ့ဆေးရုံအသီးသီးရှိ ကျန်းမာရေးဝန်ထမ်းများအတွက် အရေးပေါ်လိုအပ်သော ဆေးဝါး၊

အကာအကွယ်၊ အထောက်အကူပြုပစ္စည်းများနှင့် အခြားလိုအပ်မှုများ ကြိုတင်ပြင်ဆင်နိုင်ရန်အတွက်လည်းကောင်း၊ အကယ်၍ သံသယနှင့် ကူးစက်ခံရသော လူနာများ ရှိလာပါက လိုအပ်သော အရံအတားပစ္စည်းများ အချိန်မီ

ဝယ်ယူဖြည့်တင်းနိုင်ရန်အတွက်လည်းကောင်း လှူဒါန်းခြင်းဖြစ်ပါသည်။ KBZ Bank နှင့် KBZ MS General Insurance တို့၏ လှူဒါန်းငွေများကို Escrow Account အတွင်း ထည့်သွင်းလှူဒါန်းသွားမည်ဖြစ်ပါသည်။

ခရက်ဒစ်