အနောက်ကလိုက်ပြီး ပါရမီဖြည့်ပေးတဲ့ ချစ်သူကောင်းတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ ခိုင်နှင်းဝေ

သရုပ်ဆောင် ခိုင်နှင်းဝေက အနုပညာလုပ်ငန်းတွေ အားတက်သရော လုပ်ကိုင်သလို ပရဟိတလုပ်ကိုင်တဲ့နေရာမှာလည်း လက်မနှေးသူတစ်ယောက် ဖြစ်ပါတယ်။ အဆင်းရော အချင်းပါပြည့်စုံတဲ့ ခိုင်နှင်းဝေကို ပရိသတ်တွေက ချစ်ခင်အားပေးကြသလို

ခိုင်နှင်းဝေရဲ့ လှုပ်ရှားမှုတိုင်းကို စိတ်ဝင်တစား အားပေးစောင့်ကြည့်ကြတာပဲ ဖြစ်ပါတယ်။ အနုပညာလုပ်ငန်းတွေအပြင် ပရိသတ်တွေ စိတ်အဝင်စားဆုံးက သူမရဲ့ အချစ်ရေးကိစ္စပဲ ဖြစ်ပါတယ်။

ခိုင်နှင်းဝေက LGBT ကို ထောက်ခံအားပေးသူတစ်ယောက်ဖြစ်ပြီး သူမရဲ့ အချစ်ရေးနဲ့ ပက်သတ်ပြီးလည်း လျှို့ဝှက်ထားခြင်းမရှိပဲ ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်း ချပြလေ့ရှိသူတစ်ယောက် ဖြစ်ပါတယ်။

ခိုင်နှင်းဝေရဲ့ ချစ်သူကလည်း ခိုင်နှင်းဝေ လုပ်သမျှ ကိစ္စအဝဝကို နောက်ကွယ်ကနေ ပံ့ပိုးပေးနေတာကြောင့် ပရိသတ်တွေရဲ့ သတိထားခြင်းကို ခံနေရတာ ဖြစ်ပါတယ်။

ခိုင်နှင်းဝေက ဒီကနေ့မှာတော့ We Love Yangon မှာ ပရဟိတ Volunteer ဝင်လုပ်ရင်း လုပ်အားပေးခဲ့သလို သူမရဲ့ ချစ်သူကလည်း ခိုင်နှင်းဝေ နံဘေးမှာနေပြီး လိုအပ်တာမှန်သမျှကို ကူညီထောက်ပံ့ပေးနေတာကြောင့် မြင်ရသူ ပရိသတ်အပေါင်းကို စိတ်ချမ်းမြေ့စေတာပဲ ဖြစ်ပါတယ်။

credit