COVID-19 ကူးစက် ခံရသူ စ ကားပြောခြင်း၊ အသက်ရှူခြင်း မှ တ ဆင့် ကူးစက်နိုင်ကြောင်း ပညာရှင်များတွေ့ရှိ

ကိုရိုနာဗိုင်းရပ်စ်ပိုးရှိသူတစ်ယောက်ဟာ နှာချေ၊ ချောင်းဆိုးလိုက်ရုံနဲ့ ဗိုင်းရပ်စ်ပိုးတွေ ပျံ့နှံ့စေတာမဟုတ်ဘဲ၊ စကားပြောနေရင်း (ဒါမှမဟုတ်) ပုံမှန်အသက်ရှူနေရင်းနဲ့ ကို လေထဲ ပျံ့နှံ့စေနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက အမေရိကန်သမ္မတအိမ်ဖြူတော်ထံ စာရေးသားပေးပို့ခဲ့ကြောင်း အခုလ (၂)ရက်နေ့က CNN သတင်းမှာဖော်ပြထားပါတယ်။

အမေရိကန်အမျိုးသားသိပ္ပံအကယ်ဒမီမှ ကော်မတီတစ်ခုရဲ့ ဥက္ကဌဖြစ်သူ ဒေါက်တာ Harvey Fineberg ရဲ့ အိမ်ဖြူတော်ထံ ရေးသားပေးပို့တဲ့စာထဲမှာ အခုလိုဖော်ပြထားတာပါ။

ဒီတွေ့ရှိချက်ကြောင့် အမေရိကန်နိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်မှုကို ဟန့်တားဖို့ Mask ဝယ်ယူအသုံးပြုတာတွေ များလာနိုင်တယ်လို့ အိမ်ဖြူတော် ကိုရိုနာဗိုင်းရပ်စ်တားဆီးရေးအဖွဲ့ဝင် ဒေါက်တာ Anthony Fauci က CNN သတင်းဌာနကိုပြောပါတယ်။

အမေရိကန်ကူးစက်ရောဂါ ထိန်းချုပ်ရေးနဲ့ ကာကွယ်တားဆီးရေးဌာန (CDC) ကလည်း ကိုရိုနာဗိုင်းရပ်စ်ဟာ လူတစ်ဦးနဲ့တစ်ဦး ခြောက်ပေအတွင်းမှာရှိတဲ့အခါ ရောဂါပိုးရှိသူက နှာချေ၊ ချောင်းဆိုးလိုက်မယ်ဆိုရင် အခြားသူတွေကို ကူးစက်စေနိုင်တယ်လို့ အရင်တုန်းကတည်းက ထုတ်ဖော်ပြောကြားထားပါတယ်။

(CDC) ရဲ့ထုတ်ပြန်ချက်ဟာလည်း မှန်ကန်ကြောင်း၊ ယခုလက်တွေ့လေ့လာချက်တွေအရတော့ ရောဂါပိုးရှိသူဟာ စကားပြောနေရင်း (ဒါမှမဟုတ်) ပုံမှန်အသက်ရှူနေရင်းနဲ့ကို လေထဲကို ပိုးတွေပျံ့သွားနိုင်ခြေ ရှိတယ်လို့ ဒေါက်တာ Harvey V. Fineberg က CNN သတင်းဌာနကို ပြောပါတယ်။

လက်ရှိအချိန်ထိ ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁ သန်းကျော်သွားပြီဖြစ်ပြီး သေဆုံးသူ ၅ သောင်းကျော်ရှိပြီဖြစ်သည်။

CNN
Credit-Blacker