အတူနေခဲ့တဲ့ အိမ်ကြီးကိုပါ ဖြိုချဖျက်ဆီးပစ်လိုက်တဲ့ Kyo နဲ့ Song Joong Ki

ဆောင်ဂျွန်ကီနဲ့ ဆောင်းဟေကို တို့ ကတော့ ပရိသတ်တွေ အရမ်းကို အားကျ ခဲ့ရတဲ့ ဆယ်လီစုံတွဲ တစ်တွဲ ဖြစ်ခဲ့ဖူး ပါတယ်။ ပရိသတ်တွေ ကိုယ်တိုင်က အရမ်းလိုက်ဖက်လွန်းတယ် ဆိုပြီး သူတို့ နှစ် ယောက်ကို ship ခဲ့ကြတာပါ။

Descendants of the Sun ဇာတ်ကားမှာ အတူတွဲ သရုပ်ဆောင် ခဲ့ တုန်းက နှစ်ယောက် သား အရမ်းလိုက် ဖက်လွန်းလို့ အပြင်မှာပါ တကယ် ချစ်သူ တွေ ချစ် သွား စေ ချင်ခဲ့ကြတာပါ။ ပရိသတ်တွေ ဆုတောင်း ပြည့်ခဲ့ပြီး ချစ်သူတွေ ဖြစ်ရုံတင် မကပဲ တကယ်ကြီး လက်ထပ် ဖြစ်သွားခဲ့ပါတယ်။

ဒါပေမယ့်လည်း ထာဝရ မြဲ မယ်ထင်ခဲ့တဲ့ သူတို့ စုံတွဲရဲ့ အိမ် ထောင် ရေးဟာ ကြာကြာမခံလိုက်ပဲ ပြိုကွဲ ခဲ့ရပါတယ်။ ကွာရှင်းပြီးနောက်ပိုင်းမှာတော့ Kyo က IG မှာရှိတဲ့ သူမနဲ့ ဆောင်ဂျွန်ကီရဲ့ ပုံတွေ အကုန်လုံးကို ဖျက်ပစ်ခဲ့ပါတယ်။

Song-Song မောင်နှံရဲ့ ပရိသတ်တွေ ကတော့ သူတို့နှစ်ယောက် ပြန်တွဲ ကြမလား ဆိုပြီး အခုထိ မျှော်လင့်ချက်တွေ ထားနေ တုန်းပါ။ ဒါပေမယ့်လည်း သူတို့နှစ်ယောက်ရဲ့ တစ်ယောက်နဲ့ တစ်ယောက် ပြတ်သားနိုင်ပုံကြီး တွေ ကတော့ ပရိသတ်တွေ တောင် အရမ်း အံ့သြခဲ့ရပါတယ်။

အခုဆိုရင်တော့ နှစ်ယောက် အတူ နေခဲ့တဲ့ အိမ်ကြီးကိုပါ ဖြိုချ ဖျက်ဆီးပစ်တဲ့ အထိ ပြတ် သားခဲ့ ကြပါတယ်။ သူတို့နှစ်ယောက် လက်ထပ်ပြီးချိန်မှာတော့ ဆိုးလ်မြို့ Yongsan-guu က အိမ်ကြီးမှာ အတူ နေခဲ့ ကြပါတယ်။

ဒါပေမယ့် အခုဆိုရင်တော့ အဲ့ဒီအိမ်ကြီးကို ဖြိုချ ပစ်လိုက်ပါတယ်။ အဲ့ဒီ အိမ် ရဲ့ နေရာမှာ မြေအောက်ခန်း (၃)ထပ်၊ အပေါ် ထပ် (၂)ထပ်ပါတဲ့ အိမ် တစ်လုံကို ဆောက် သွားမှာပါ။

ဆောက်လုပ်ရေးလုပ်ငန်းတွေ ကတော့ လာမယ့် (၂၀၂ ၁) ဇွန်မှာ ပြီးမယ်လို့ မျှော်လင့်ရပါတယ်။

ဆောင်ဂျွန်ကီက အဲ့ဒီ နေရာကို ၀မ် တစ်သန်း နဲ့ ၀ယ်ခဲ့တာလို့ လည်း သတ င်းထွက် နေပါတယ် ။ဆောင်ဂျွန်ကီရဲ့ အေဂျင်စီဘက်က တော့ ဒီသတင်းနဲ့ ပတ်သက်ပြီး ”

ဒါက သူ့ရဲ့ Personal ပုဂ္ဂိုလ် ရေး ကိစ္စမို့ ကျတော်တို့ဘက်က ဘာကိုမှ မှတ်ချက် ပေးလို့ မရပါဘူး..” ဆိုပြီး ပြောခဲ့ပါတယ်။

နှစ်ယောက် ကွာရှင်းတဲ့ အချိန်မှာ အိမ်ကြီးကို တန်ဖိုးဖြတ်ပြီး ဆောင်ဂျွန်ကီက ၀ယ်ယူပြီး

အရင်အိမ် ဟောင်းကို ဖြို ချပြီး အသစ် ပြန် ဆောက်တာ မျိုးလား ဆိုပြီး ပရိသတ်တွေ က အမျိုးမျိုး ထင် ကြေး ပေးနေကြပါတယ်။

ဆောင်းဟေကို နဲ့ဆောင်ဂျွန်ကီ တို့ ကွာရှင်းတဲ့ သတင်း ကတော့ (၂၀၁၉) ဇွန်လ နှောင်းပိုင်းက ထွက်ပေါ် ခဲ့ တာပါ။

ခင်ပွန်းဖြစ်သူ ဆောင် ဂျွန်ကီ ရဲ့ ဘက်ကနေ အရင်ဆုံး ကွာရှင်းသတင်းကို ကြေညာခဲ့တာပါ ။ဆောင်ဂျွန်ကီကေ တာ့ ဘယ်သူ့ဘယ်သူမှ အြ ပစ်ဖို့ မနေပဲ ကွာရှင်းတဲ့ ကိစ္စကို အေးအေးချမ်းချမ်းလေးပြီး သွားချင်တယ်ဆိုပြီး ကြေ ညာခဲ့တာပါ။

အဲ့ဒီနောက် မှာတော့ ဆောင်းဟေကိုရဲ့ ဘက်ကနေလည်း ကွာရှင်းသတင်းကို အတည်ပြု ကြေညာခဲ့ပါ တယ်။

ကွာရှင်းရတဲ့ အေ ကြာင်း အရင်းကတော့ တစ်ယောက်နဲ့ တစ်ယောက် အကျင့်စရိုက်မတူတာတွေ ကြောင့်လို့ပဲ ပြော ခဲ့ပါတယ်။

(၂၀၁၇) အောက်တိုဘာ (၃၁)မှာ လက်ထပ်ခဲ့ပြီး (၂၀၁၉) ဇူလိုင် (၂၁)မှာတော့ အကြင်လင်မ ယားအဖြစ်ကနေ တရားဝင် ကွာရှင်းပြတ်စဲ ခဲ့ကြပါတယ်။

credit