ပုဒ်မ(၅)ခုဖြင့် ဖမ်းခံရသော မင်းရာဇာနှင့် ဇနီးအား DKBA ဗိုလ်မှုးစောစိုးမြင့် ဦးစီးအဖွဲ့မှ မြဝတီမြို့မရဲစခန်းသို့လာရောက်လွှဲပြောင်း

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ ပုဒ်မ (၅)ခုဖြင့် အမှုဖွင့်ခံထားရသည့်
သရုပ်ဆောင် မင်းရာဇာ ၊ဇနီးမဖူးငုံပွင့်နှင့်မင်းရာဇာ၏တပည့် အောင်လွင်စိုးတို့ ၃ ဦးအား

မြဝတီမြို့တောင်ဘက် မိုင် ၃၀ ခန့်အကွာ ဖလူးလေးကျေးရွာအနီးတွင် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA တပ်ဖွဲ့မှ ယနေ့ ည ၈နာရီအချိန်ခန့်တွင် ဖမ်းဆီးရမိခဲ့ပြီး….

DKBA ထိန်းချုပ်နယ်မြေ ကျောက်ခတ်ကျေးရွာတွင် ထိန်းသိမ်းထားပြီးနောက်

မြဝတီမြို့မရဲစခန်းသို့ DKBA မှ ဗိုလ်မှုးစောစိုးမြင့် ဦးစီးအဖွဲ့မှ
ဧပြီလ ၁၀ ရက် နံနက် ၀၀း၃၀ အချိန်ခန့်က လာရောက်လွှဲပြောင်း အပ်နှံခဲ့ကြောင်းသိရသည်။

နေနော်(မြဝတီ)