နိုင်ငံတော်မှထောက်ပံ့ပေးသည့် ဆန်ဝေမည့်စာရင်းပြုစုနေသည့် ရပ်ကွက်အုပ်ချုပ်ရေးမှုး ဓားထိုးခံရ

ဧပြီလ ၉ရက်နေ့ မနက်ပိုင်းက မင်းဘူးခရိုင်၊စလင်းမြို့ စာစီကျောင်းရပ်ကွက်တွင် နိုင်ငံတော်မှအခြေခံလူတန်းစားများအတွက်လှုဒါန်းထားသည့် ဆန်ဝေမည့်စာရင်းအားပြုစုနေသည့်

ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်တပ်ဆင်ထားသော နှာခေါင်းစည်းအား “နွားတွေတပ်တာ” ဟုပြောဆိုပြီး လူပုံအလယ်တွင် ဆွဲချွတ်ခဲ့သေးသည့်အတွက် မလုပ်ရန်နှင့် ပြန်တော့ဟုပြောဆိုခဲ့သည့်အပေါ်ကိုလည်း လက်မခံဘဲ ညစ်ညမ်းစွာဆဲဆိုပြီး ရပ်ကွက်အုပ်ချုပ်ရေးမှုးကိုဓါးနဲ့ထိုးခဲ့တာဟုသိရသည်။

အမှုနဲ့ပတ်သက်ပြီး ပြစ်မှုကျူးလွန်ခဲ့သူ အောင်ထွန်းငွေ၊၃၅ နှစ် ဆိုသူကိုဖမ်းဆီးရမိပြီး စလင်းမြို့မရဲစခန်က

(ပ)၃၇၉/၂၀၂၀၊ ရာဇ သတ်ကြီးပုဒ်မ၃၃၃/၅၀၆/၂၉၄(တာဝန်ဆောင်ရွက်နေသော ပြည်သူ့ဝန်ထမ်းအား ပြင်းထန် နာကျင် စေမှု/ ခြိမ်းခြောက်မှု/ဆဲဆိုမှု)ဖြင့် အမှုဖွင့်အေးယူစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

မောင်မောင်/Myanmar Harp