Live လွင့်တာကို ဂျင်းလို့ပြောနေကြတဲ့ ပရိသတ်တွေအတွက် ပွင့်ပွင့်လင်းလင်း ရှင်းပြလာတဲ့ စိုင်းစိုင်းခမ်းလှိုင်

စိုင်းစိုင်းခမ်းလှိုင်ရဲ့ Sai Sai Show In Bedroom ရှိုးပွဲကြီးကတော့ အောင်မြင်စွာနဲ့ ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။ စိုင်းစိုင်းကတော့ သူ့ရဲ့ရှိုးပွဲကို (၂) နာရီကြာ ဖျော်ဖြေပေးခဲ့ပြီး သီချင်းတွေအများကြီးနဲ့ ဖျော်ဖြေပေးခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် တချို့သော ပရိသတ်တွေက စိုင်းစိုင်းခမ်းလှိုင်ရဲ့ Live က ဂျင်းလို့ပြောကြတာကို စိုင်းစိုင်းက အခုလိုပဲ ရှင်းပြခဲ့ပါတယ်။

“ဒီနှစ် ပွဲမလုပ်သင့်တော့ဘူးလို့ စဉ်းစားမိတဲ့အချိန်မှာ ကိုယ့်အိပ်ခန်းထဲမှာပဲ အားလုံးစုတီးမယ်ဆိုပြီးတော့ in bedroom အစီအစဉ်ကို စကြေညာခဲ့ပါတယ်။ကျနော့်အိပ်ခန်းက

အားလုံးမဆန့်ဘူးဆိုပြီးနေရာရှာတော့ Lotte Hotel က သူ့ရဲ့ Presidential Suite ကြီးဖွင့်ပေးပြီး တစ်ထပ်လုံးပိတ်ထားပေးမယ် ပြောပါတယ် ။အဲဒီကနေ Live လွှင့်မယ်ပေါ့ GlobelNet ကလည်း Internet ကြိုးထပ်သွယ်ပေးမယ်ပေါ့။”

“မွေးနေ့ရောက်ဖို့ ၅ ရက်လောက်အလိုမှာမှ ၁၀ ရက်နေ့အလုပ်ပိတ်ရက်က စပြီး အားလုံးအိမ်ထဲမှာနေဖို့ဆိုပြီးဖြစ်လာပါတယ်။ ဒါနဲ့ သီရိဆွေကစပြီး ကိုယ့်အိမ်ကကိုယ်ပဲဆိုဖို့ အကြံစပေးတာ တီးဝိုင်းကတော့ Live လုပ်ဖို့မဖြစ်နိုင်တော့ Drumနဲ့ KB ရန်ကုန်မှာသွင်း ရိုက်

မန်းလေးပို့ မန်းလေးက ပြန်သွင်း ရိုက်ပြန်ပို့ Dancerတွေနဲ့ ဧည့်သည်အဆိုတော်တွေကြိုရိုက် ကျနော်လည်း Rehearsal လုပ်ပြီးရိုက်ထား ကြိုသွင်းသမျှတွေကို ပြည့်စုံက တစ်ညလုံးမအိပ်ဘဲ Mixing လုပ် Foreverက editor တွေက Edit ကြိုလုပ် Live နဲ့တွဲမယ့်ဟာတွေ

Setting ချ UAB team ကလည်း App နဲ့ပတ်သက်သမျှ 24/7 ထိုင်ရှင်း။ ဒီ ၅ ရက်အတွင်းမှာ ဒီ Project မှာပါတဲ့သူတွေ တစ်ယောက်မှ နေ့ရောညရောမနားခဲ့ရပါဘူး။”

“ပွဲအစစ်ဆိုရင်တောင် အားလုံးတနေရာတည်းမှာပဲ တီးဆိုအသံဖမ်းရိုက်ကူး အားလုံးပြီးတာကိုး။ အခုက ကြိုရိုက်တဲ့ဟာနဲ့ ဒီည ကျနော့် Live နဲ့ကို တပြိုင်တည်းပြန်ဆက်။ လူနည်းနည်းလေးနဲ့ Mask တွေတပ်ပြီး ဖြစ်အောင်လုပ်ပေးတဲ့ Forever က ညီကိုတွေကျေးဇူးပါ။

မေတ္တာနဲ့ ပါဝင်တဲ့ ဘော်ဒါတွေ Artists တွေ အားလုံးရော အလှူရှင်တွေရော uab ကိုရော ကျေးဇူးကမ္ဘာ” ဆိုပြီး ရှင်းပြထားပါတယ်။

စိုင်းစိုင်းကတော့ သူ့ရဲ့ ပရိသတ်တွေ အငြင်းမပွားရအောင် ရှင်းရှင်းလင်းလင်းပြောခဲ့တာပဲ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source: Sai Sai Kham Leng’s fb
Bilie