တစ်ရွာတည်းနေ ပြည်သူအချင်းချင်း ငွေကြေးရှိသူများစုပေါင်းပြီး လက်လုပ်လက်စား ချို့တဲ့သူများအား ဆန်လှူ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်တောင်းမြို့နယ် ကမ်းဖြူ(ကဖြူ) ကျေးရွာအုပ်စု၊ ကမ်းဖြူကျေးရွာတွင် COVID-19 ရောဂါထိန်းချုပ်ရေးကာလအတွင်း အခြေခံ လူတန်းစားများ တထောင့်တနေရာမှ စရိတ်စခသက်သာစေရန် ရည်ရွယ်လျှက်

ရပ်မိရပ်ဖ များဦးဆောင်ကာ အဆင်ပြေသည့် အထိမ်ထောင်စုများမှ လက်လုပ်လက်စားအခြေခံလူတန်း စားများအား စုပေါင်းကာ မျှဝေခြင်းအစီအစဉ်အနေဖြင့်ဆန်များလှူဒါန်းပေးခဲ့ကြောင်း ရပ်မိ ရပ်ဖ ဦးအောင်ဌေးက ပြောသည်။

ရပ်မိရပ်ဖများဦးဆောင်ကာ ကမ်းဖြူ(ကဗြူ)ကျေးရွာဇာတိဖွား အဝေးရောက် အဆင်ပြေနေသူများနှင့် ရွာတွင်အဆင်ပြေနေသူများမှ မိမိတတ်နိုင်သလောက် ဆန်အိတ်များလာရောက်လှူဒါန်းကြရာ တတင်းခွဲပါ ဆန်အိတ် (၁၇၉) လုံးရရှိခဲ့ပြီး၊ လက်လုပ် လက်စားအခြေခံလှူတန်းစားများအား COVID-19 ရောဂါကာကွယ်ရေးကာလအတွင်း ဆန် များမျှဝေခြင်းအစီစဉ်အနေဖြင့် လှူဒါန်းပေးခဲ့ကြောင်းသိရသည်။

အဆိုပါ ကိုယ့်အားကိုယ်ကိုး ကိုယ့်ရပ်ရွာအတွင်းလှူဒါန်းရာတွင် အိမ်ထောင်စု (၇၇၄)စု အတွက် တအိမ်ထောင်လျှင် ဆန် (၄) ပြည် နှုန်းလှူဒါန်းနိုင်ခဲ့ကြောင်းသိရသည်။

ကျောက်ပန်းတောင်းမြို့နယ်ကမ်းဖြူ(ကဗြူ)ကျေး ရွာသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စာရင်းပေါက် အိမ်ထောင်စုပေါင်း (၇၆၀) ရှိပြီး၊ ပြည်ထဲရေးဝန်ကြီးဌာန ၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စာရင်းမပေါက်သေးသည့် အိမ်ထောင်စုခွဲ (၂၀၀)ခန့်ရှိကြောင်း ရပ်မိရပ်ဖ ဦးကြည်စိုးထံမှ သိရသည်။

Credit (လေးစားစွာဖြင့်)
သတင်းနှင့် ဓာတ်ပုံ – ကိုထိန်၊ငါ့သရောက်

မြေလတ်အသံ