ဗီယက်နမ်မှာအစိုးရကပြည်သူကို ATMစက်နဲ့ဆန်ဝေနေတာပါ ခလုတ်နှိပ်ရင် ဆန်1.5kထွက်တယ် ခုတ်မနှိပ်ခင်လည်းလက်ဆေးဖို့ hand gel ပါပေးထားပြီးသား

“Rice ATM” တဲ့
အတုယူဖို့ပါ …
ဗီယက်နမ်မှာ ဆန် ဝေတဲ့ ပုံစံပါ …

ခလုတ်လေး နှိပ်လိုက်ရင် ပိုက်ထဲက သူ့အလိုလို ဆန် ထွက်ကျလာတယ်။ ခလုတ်မနှိပ်ခင် လက်ဆေးဖို့ hand gel ပါ ပေးထားသေးတယ်။

တခါ ထွက်ရင် 1.5kg ထွက်တယ်၊ ၂၄ နာရီ လာယူလို့ရတယ်၊ ရက်အကန့်အသတ်မရှိ ဝေမျှပေးမယ်၊ လူမတိုးစေချင်လို့၊ လူစုလူဝေး မဖြစ်စေချင်လို့ ဒီလို စီစဉ်ရတာ တဲ့

ဘယ်သူဖြစ်ဖြစ် လာယူလို့ရပေမဲ့ ဆင်းရဲတဲ့သူတွေသာ ယူကြပါ၊ ငွေကြေးတတ်နိုင်သူတွေက ဆင်းရဲတဲ့သူတွေအတွက် ချန်ထားပေးပါ တဲ့

အခုကျင့်သုံးတဲ့ စနစ်ဟာ trust system လူထုအပေါ် ယုံကြည်မှုထားတဲ့ စနစ်ပါ။ မှတ်ပုံတင်ပြစရာမလို ဘယ်သူဘယ်ဝါ ဘာဖြစ်မှ ယူခွင့်ရှိမယ်လို့ ကန့်သတ်မထားဘဲ တကယ် လိုတဲ့သူ လာယူလို့ရပါတယ်။

တယောက်တည်း အများကြီး မယူသွားဖို့အတွက်တော့ CCTV တပ်ထားရပါတယ် တဲ့

ဆန်ယူဖို့ လူများနေလို့ တန်းစီရမယ်ဆိုလည်း တယောက်နဲ့ တယောက် (၂)မီတာ ခွာရမယ်၊ တန်းစီသူတွေ မတ်တပ်ရပ်ဖို့အတွက် ကြမ်းပြင်မှာ အကွက်လေးတွေ စနစ်တကျ ရေးဆွဲထားပေးတယ်ဒါဝေးဝေးလံလံ မဟုတ်ဘူးနော်၊ ဗီယက်နမ်မှာ ကျင့်သုံးနေတဲ့ စနစ်ပါ။

စီမံချက်အနေနဲ့ အသွားအလာ ကန့်သတ်ချိန်မှာတောင် စနစ်တကျ တန်းမစီနိုင်ဘဲ လူစုလူဝေးလုပ်ပြီး ဆန်ဝေပေးနေရရှာတဲ့ ကျွန်တော်တို့ ဝန်ကြီးချုပ် … ဒီပို့စ်လေး တွေ့စေချင်ပါတယ်…

crd-ကိုထွဋ်ထိပ်