အိမ်တွင်းမှာပဲနေထိုင်ရင်း ရတနာငါးပါးအား သက်သက်လွတ်ဆွမ်းကပ်လှူပြီး ကုသိုလ်ယူနေကြတဲ့ အာဇာနည်တို့မိသားစု

အဆိုတော်အာဇာနည်ကလည်း ပျော်ရွှင်စရာမိသားစုဘဝလေးကိုပိုင်ဆိုင်ထားသူဖြစ်ပြီး သူ့ရဲ့မိသားစုလေးကိုလည်း ပရိသတ်တွေကချစ်ကြပါတယ်နော်။အာဇာနည်ရဲ့အနုပညာလှုပ်ရှားမှုတွေကိုလည်း အားပေးကြသလို

သူ့ရဲ့မိသားစုပုံရိပ်လေးလေးတွေကို အမြဲတမ်းစောင့်ကြည့်ပြီး ပရိသတ်အများအပြားကချစ်မဝဖြစ်နေကြတာပါ။အာဇာနည်က‌တော့ သားချောလေးနှစ်ယောက်ကိုပိုင်ဆိုင်ထားတဲ့ ဖခင်တစ်ယောက်ဖြစ်ပါတယ်နော်။

ဖစ်ဖစ်တုန်နဲ့ချစ်ချစ်တုန်တို့ ညီအစ်ကိုနှစ်ယောက်ကလည်း လိမ္မာရေးခြားရှိပြီး မေမေဝမ်းကလည်း သေချာသင်ကြားပြသပေးပါတယ်နော်။လတ်တလောမှာဆိုရင်တော့ အာဇာနည်တို့မိသားစုလေးက အိမ်ထဲမှာပဲနေနေရတဲ့အချိန်လေးမှာ

မိသားစုလေး‌ယောက်လုံး ချစ်ချစ်ခင်ခင်နဲ့ ပျော်ရွှင်စွာဖြတ်သန်းနေကြတာပါ။အခုဆိုရင်လည်း အာဇာနည်တို့မိသားစုလေးယောက်လုံးက သစ်တံခါးဆရာတော်ရဲ့မေတ္တာဓာတ်ကိုခံယူပြီး အိမ်ထဲမှာပဲ ကုသိုလ်တွေလုပ်နေကြတာပါနော်။

ဝမ်းကတော့”သစ်တံခါးဆရာတော်ကြီးမေတ္တာဓာတ်ခံယူရင်းသက်ရှိထင်ရှား ဘုရားရှင်ကြီးများအားရည်စူး၍မြတ်စွာဘုရားရှင်၊ရှင်သာရိပုတ္တရာ၊ရှင်မဟာမောဂ္ဂလာန်၊ရှင်မဟာကဿဖ၊ရှင်အာနန္ဒာ ရဟန္တာငါးပါးအား

သတ်သတ်လွတ်ဆွမ်းကပ်လှူကုသိုလ် 10.4.2020(သောကြာ)ကိုယ်တိုင်လဲသတ်သတ်လွတ်စားကုသိုလ်ပြုလိုက်ပါ၏”ဆိုပြီး မိသားစုလိုက် ကုသိုလ်ကောင်းမှူတွေပြုနေတာပဲဖြစ်ပါတယ်နော်။

ခရက်ဒစ်