မွေးနေ့ရှိုးပွဲလုပ်တဲ့ (၂)နာရီအတွင်းမှာ Covid-19 ကုသကာကွယ်ရေးအတွက် အလှူငွေ (၆၄၂)သိန်း နဲ့ အမေရိကန် ဒေါ်လာ (၃၀၀၀) ရရှိခဲ့တဲ့ စိုင်းစိုင်း

ဧပြီလ (၁၀) ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ SAISAI BIRTHDAY SHOW in Bedroom ပွဲကြီးကို အားလုံး ကြည့်ရှုလိုက်ရမယ် ထင်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်က Birthday Show မပြုလုပ်ခင် ငါးရက်အလိုကတည်းက နေ့ရော၊ ညပါ ကြိုးစားခဲ့ရတာဖြစ်ပြီး

အခုလို အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးသွားတာ ဝမ်းသာစရာပါပဲ။ စိုင်းစိုင်းခမ်းလှိုင်ကလည်း အရင် Birthday Show တွေမှာ သီဆိုသလိုပဲ

ပရိသတ်တွေနဲ့ စေတနာအပြည့် ဖျော်ဖြေတင်ဆက်ခဲ့တာကို တွေ့နိုင်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်က သူ့ရဲ့ SAISAI BIRTHDAY SHOW in Bedroom ပွဲမှ

ရရှိတဲ့ ငွေအားလုံးကို ကပ်ရောဂါကြောင့်လိုအပ်နေတဲ့နေရာတွေကို လှူဒါန်းမှု ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်က မနေ့က သူ့ Live ဖျော်ဖြေတင်ဆက်မှုကတဆင့် “ဒီနေ့ည Birthday Show ကနေပြီး ၆၄၂ သိန်းကျပ်နဲ့ US$ 3000 ရရှိထားပါတယ်ခင်ဗျာ” ဆိုပြီး ကြော်ငြာထားပါတယ်။ စိုင်းစိုင်းကို

ချစ်တဲ့ ပရိသတ်တွေနဲ့ အလှူရှင်တွေရဲ့ စေတနာ သဒ္ဒါတရား ထက်သန်မှုကတော့ လေးစားဖွယ်ပါပဲ။ စိုင်းစိုင်းလည်း အခုရရှိတဲ့ ရံပုံငွေကတဆင့် Covid – 19 ကာကွယ်ကုသရေးအတွက် ထိထိရောက်ရောက် လှူဒါန်းပေးနိုင်မှာမို့ အင်မတန် ကြည်နူးဝမ်းသာ ဖြစ်ရပါတယ်။

Credit