အီတလီခံလိုက်ရတာလဲ ဘာသာရေးအခန်းနားတစ်ခုမှာပဲ .. ဒုတိယ အီတလီ ဖြစ်နိုင်သလို ဒုတိယ အီကွေတော ဖြစ်သွားနိုင်ပါတယ်

အီတလီခံလိုက်ရတာလဲ ဘာသာရေးအခန်းနားတစ်ခုမှာ ၊ အခုမြန်မာပြည် တစ်ရက်ထဲ ဆယ်ယောက် p o s i t i v e တွေ့တာ အများဆုံးက ဘာသာရေးပွဲတစ်ခုက ၊ ဒီလိုတာ ရှေ့ဆက်သွားမယ်ဆိုရင် ကျွန်တော်တို့ ဒုတိယ အီတလီ ဖြစ်နိုင်သလို ဒုတိယ အီကွေတော ဖြစ်သွားနိုင်ပါတယ်၊

ဒီအချိန်မှာ သက်ဆိုင်ရာ ဘာသာရေးခေါင်းဆောင်တွေအနေနဲ့ လုပ်သင့်တာနဲ့ မလုပ်သင့်တာကို ပိုင်းခြားဆုံးဖြတ်သင့်သလို့ သက်ဆိုင်ရာ အုပ်ချုပ်ရေးပိုင်းကလည်း အဖြူအမည်းမခွဲခြားပဲ စည်းကမ်းပိုင်းဆိုင်ရာတွေကို တင်းကြပ်သင့်ပါတယ်။

အခု ကျွန်တော်တို့ ရင်ဆ်ုင်နေရတဲ့ v i r u s က ဘယ်ဘာသာမှ မခွဲခြားသလို ချမ်းသာဆင်းရဲ အာဏာရှိမရှိ ခွဲခြားမှာမဟုတ်ပါဘူး၊ အသက်ရှိတဲ့ အရာအားလုံးကို တိုက်စားသွားမှာပါ၊ ရှေ့မှာလည်း နမူနာတွေရှိတာ သိသိကြီးနဲ့ ကျွန်တော်တို့ အခုထပ်ခံရပြန်ပါပြီ၊ မြန်မာတွေ ဘယ်တော့များမှ နောင်တရမလဲ။

ဒါ အင်းစိန် history လေးပါ

အဆိုတော် မျိုးကြီး နဲ့ Q u a r a n t i n e

မြန်မာနိုင်ငံရဲ့ နာမည်ကြီးရော့ခ်အဆိုတော် မျိုးကြီးဟာ ဒီနေ့ မနက်ပိုင်း လူနာအမှတ် ၃၇ ဆိုပြီး ကောလဟာလအများကြီးထွက်ခဲ့ပါတယ်။ နေ့လည်ပိုင်းမှာ မျိုးကြီးရဲ့ ဇနီးဖြစ်သူ မလုံးလုံးလွင်က လူနာအမှတ်၃၇ဟာ အဆိုတော်မျိုးကြီး မဟုတ်ကြောင်း သူ့ရဲ့ fb မှာ တရားဝင် ဖြေရှင်းအသိပေးခဲ့တယ်။

ညနေ့ပိုင်းမှာတော့ မလုံးလုံးလွင်ဟာ မနေ့က P ဖြစ်ခဲ့တဲ့ တရားဟောပွဲက လူနာအချို့ နဲ့ နီးစပ်မူရှိတာကြောင့် နိုင်ငံတော်မှ ချမှတ်ထားတဲ့ စဉ်းမျဉ်းစည်းကမ်းအတိုင်း လိုက်နာဆောင်ရွက်သွားမယ်လို့ အကောင့် မှာ ဖော်ပြပါတယ်။

အဲ့ဒီ ဓမ္မာတေးဝိုင်း,တရားဟော ပွဲမှာ အယောက် ၁၀၀ ကျော်လောက် ပွဲနဲ့ဆက်စပ်နေတယ်လို့လည်း အင်းစိန်မြို့နယ် အုပ်ချုပ်ရေးမူးက ပြောသေးတယ်။ ပရိသတ်အများစုနဲ့ မိတ်ဆွေသူငယ်ချင်းကတော့ အားပေးစကားပြောကြတာတွေ့ရမှာပါ။

မျိုးကြီးနဲ့ မိသားစုက Q u a r a n t in e 21 ရက် ခံယူမယ်လို ဆိုလိုပုံရတယ်၊ အိမ်မှာလား၊အစိုးရထားမယ် နေရာလားဆိုတာတော့ အတိအကျမသိကြသေးပါ။

မျိုးကြီးရဲ့အမျိုးသမီး မလုံးလုံလွင်က သင်းအုပ်ဆရာတော် David Lah ရဲ့ တပည့်အရင်း ဒေးဗစ်လားရဲ့ တရားပွဲတိုင်း မလုံးလုံးလွင်တို့ ဇနီးမောင်နှံအမြဲလိုက်တယ်။

ပြီးခဲ့တဲ့ ဧပြီ ၆ ရက်နေ့က Dream Ministry International D.M.I ဓမ္မာသီချင်းဆိုတဲ့နေ့မှာ တီးဝိုင်းသား ၃ ယောက်နဲ့အတူ မျိုးကြီးသီချင်း ဆိုတယ်။

တီးဝိုင်းသားထဲမှာ Drum တီးတဲ့ ဝေထွန်းဟာ ပွဲ၂ရက်အကြာ ဖျားနာပြီး ၁၀.၄.၂၀၂၀ မှာ အင်စိန်ဆေးရုံသွားပြတယ်။ လူနာအမှတ် ၃၄ ဆိုသူ အသက် ၂၀ ဝန်းကျင်…..

သင်းအုပ်ဆရာ ဒေးဗစ်လားနဲ့ drum တီးသူက p o s i t i v e ဖြစ်တာက မှန်..

၆ ရက်နေ့မှာ ပွဲဆိုတယ်၊ ၈ ရက်နေ့မှာ ဖျားတယ်၊ ၁၀ ရက်နေ့မှာ ဆေးရုံပြပါတယ်။၁၁ မှာ အဖြေထွက်တယ်။

တရားဟောပွဲမှာ P တွေ့သူ ၅ ဦးတော့ရှိပြီ။ အခြေအနေတော့ နည်းနည်းရူပ်မယ့်အနေအထားရှိမယ်။ ဒီအကြောင်းရာကို ကြည့်ရင် အိမ်မှာနေဖို့ လူစုလူဝေးမလုပ်ဖို့ ဒေသအမိန့်တွေ ထုတ်ပြီးတဲ့ အချိန်မှာ လုပ်သွားတာပါ။

အဆိုတော်တွေမို့ ဓမ္မတေးဝိုင်းမို့လို့ တရားပွဲမို့လို့ လာမပြောပါနဲ့၊ v i r u s က မင်းဘာကောင်ဖြစ်ဖြစ် အကုန်သတ်မှာဖြစ်သလို မင်းပတ်ဝန်းကျင်ကိုလည်း ကူးစက်စေအုံးမှာပါ။

အခုချိန်မှာ ထိရောက်တဲ့ ပြစ်ဒဏ်တွေနဲ့ပဲ ကျွန်တော်တို့လူမျိုးတွေဟာ ထိုက်တန်ပါတယ်။

ဂျင်မီ