QUARANTINE ဝင်ဖို့သွားနေပြီဖြစ်တဲ့အကြောင်း ပရိသတ်ကို မျှဝေလာခဲ့တဲ့ အဆိုတော်နီတာ

Covid 19 ကူးစက်မှုတွေကတော့ ယမန်နေ့ ရလဒ်ထုတ်ပြန်မှုတွေမှာ အဆိုတော် မျိုးကြီး ပါဝင်လာမှုနဲ့အတူ အတည်ပြုလူနာ ၆၂ ဦးအထိ ပိုမိုပြင်းထန်လာခဲ့ပြီဖြစ်ပါတယ်။

ယခုအခါမှာတော့ တေးသီချင်းချိုချိုလေးတွေကို ဖန်တီးလေ့ရှိတဲ့ အဆိုတော်နီတာက သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာကတဆင့် Quarantine ဝင်ဖို့သွားနေပြီဖြစ်ကြောင်း ပရိသတ်ကို အသိပေးလာခဲ့တာပါ။

အနုပညာရှင်များနဲ့ သူ့ပရိသတ်တွေကတော့ ဝိုင်းဝန်းဆုတောင်းပေးနေကြတာဖြစ်ပြီး မကြာသေးခင်ရက်များကလည်း သူဖျားနေတဲ့ အကြောင်း လူမှုကွန်ယက်မှာ မျှဝေထားခဲ့ပါသေးတယ်။

အဆိုတော်နီတာ တစ်ယောက် ကံကောင်းပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်

credit