ပိုးတွေ့လူနာအဖြစ်အတည်ပြုစာရင်းမှာ ပါလာကြောင်း အဆိုတော်နီတာပြော

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ဧပြီလ ၁၆ရက်နေ့မနက်ပိုင်းထုတ်ပြန်တဲ့ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ၁၁ယောက်စာရင်းမှာပါဝင်လာကြောင်း အဆိုတော် နီတာက ဒီဗွီဘီကိုပြောပါတယ်။

မတ်လ ၂၉ရက်နေ့က ၈မိုင်နားက ဘုရားကျောင်းတခု Liveအစီအစဉ်မှာ ပိုးတွေ့လူနာနဲ့ ထိတွေ့မှုရှိခဲ့တဲ့ အဆိုတော်နီတာဟာ သူ့ရဲ့ဓာတ်ခွဲနမူနာကို ပေးပို့စစ်ဆေးနေပြီးနောက် ပိုးတွေ့ရှိခဲ့တာပါ။ Liveအစီအစဉ်မှာ အနုပညာရှင်တချို့ပါပါပြီး၊

လတ်တလောတွင် သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ သီရိရှင်းသန့်ကလဲ စစ်ဆေးမှုခံယူထားပြီး၊ ဒီကနေ့ဓာတ်ခွဲအဖြေမှာ Negative ဖြစ်ခဲ့တယ်လို့ သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြပါတယ်။

အဆိုတော်နီတာဟာ ဧပြီလ ၁ရက်နေ့ကနေ ၈ရက်နေ့အထိဖျားခဲ့ကြောင်း၊ အိမ်မှာ Home Stay နေနေရာကနေကျန်းမာရေးဝန်ကြီးဌာနကို အကြောင်းကြားပြီးနောက် ဧပြီလ ၁၄ရက်နေ့ကစပြီး

အင်းစိန်ဆေးရုံမှာ စောင့်ကြည့်လူနာအဖြစ်တက်ခဲ့ကြောင်း၊အခုလက်ရှိမှာတော့ ဝေဘာဂီဆေးရုံကို လွှဲပြောင်းပြီးဆေးကုသမှုခံယူနေကြောင်း ၊လက်ရှိမှာ ကျန်းမာရေးအခြေအနေကောင်းမွန်နေတယ်လို့ဆိုပါတယ်။

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၈၅) ဦးရှိပြီ ဖြစ်ပြီး ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၁) ဦးကို သက်ဆိုင်ရာဆေးရုံတွေကို လွှဲပို့ကုသမှုပေးသွားမယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။

credit DVB