ရပ်ကွက်အုပ်ချုပ်ရေးမှူးက နိုင်ငံတော်မှ ထောက်ပံ့သည့် ဆန်အိတ် ၄၀အိတ်ကို ပိုယူထား

လှိုင်သာယာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးက နိုင်ငံတော်မှ အခြေခံလူတန်းစားများကို ထောက်ပံ့သည့် ဆန်အိတ် ၄၀အိတ်ကို ပိုယူထားဟုဆို လှိုင်သာယာ၊ ဧပြီ ၁၆/၂၀၂၀ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊

အမှတ် ၁၁ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ အခြေခံလူတန်းစားများထံ ထောက်ပံ့ပေးအပ်ပြီးသော်လည်း အုပ်ချုပ်ရေးမှူးရုံး၌ ဆန်အိတ် ၄၀ ခန့် ကျန်ရှိနေသေးကြောင်း ပြောသည်။

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အုပ်ချုပ်ရေးမှူးတို့က အခြေခံလူတန်းစားများထံ ထောက်ပံ့ပေးသော ပစ္စည်းများအား အပိုရယူထားကြောင်း အမှတ် ၁၁ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ ပြောဆိုသည်ဟု အမှတ် ၁၁ ရပ်ကွက် ကြီးကြပ်ရေးမှူး ဦးစိုင်းလင်းဇော်မှ မီဒီယာများကို ပြောကြားသည်။

အမှတ် ၁၁ရပ်ကွက်၌ အခြေခံလူတန်းစား အိမ်ထောင်စု ၁၅၄၁ စုအား နိုင်ငံတော်မှ ပံ့ပိုးသည့် ဆန်/ကြက်သွန် အစရှိသည့် ပစ္စည်းများ ကို ဧပြီ ၁၄ရက်နေက ဖြန်ဝေ ပေးခဲ့ပြီးဖြစ်ကြောင်း၊ ယနေ့ ဧပြီ ၁၆ ရက်နေ့၌ ၎င်းရပ်ကွက်ကြီးကြပ်ရေးအဖွဲ့ထံ ရက်ကွက်နေ ပြည်သူတစ်ဦးမှ ဖုန်းဆက်၍ အုပ်ချုပ်ရေးမှူးရုံးတွင် ဆန်အိတ် ၄၀ ခန့် တွေ့ရှိကြောင်း ဆိုသည်။

ရပ်ကွက်ကြီးကြပ်ရေးအဖွဲ့မှ ၁၁ ရပ်ကွက်အုပ်ချုပ်ရေးရုံး သွားရောက်ကာ အုပ်ချုပ်ရေးမှူးအား အဆိုပါ နိုင်ငံတော်မှ အခြေခံလူတန်းစားများထံ ဖြန့်‌ဝေပြီးထား ပါလျှက် ဆန်အိတ်များ ပိုနေသည့်ကိစ္စ အား အကျိုးအကြောင်း မေးမြန်းခဲ့ရာ ရပိကွက် အုပ်ချုပ်ရေးမှူးမှ

“ငါ မြို့နယ်ကို အပိုတင် မှာထား တာ ၊ မကျေနပ်လျှင် ကြိုက်တဲ့နေရာ တိုင်ဟု ” ပြော ဆိုခဲ့ ကြောင်း ရပ်ကွက် ကြီးကြပ်ရေးအဖွဲ့မှ Top Phoenix မီဒီယာသို့ အတည်ပြုပြောကြားသည်။

အမှတ် ၁၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး အား Top Phoenix မီဒီယာမှ ၎င်းတို့ရုံးတွင် ဖြစ်စဉ်များနှင့် ပတ်သက်၍ သွားရောက်အတည်ပြုခဲ့ရာ အုပ်ချုပ်ရေးမှူး ဦးမြကို မှ ခဏစောင့်ပါဟု ပြော၍ စောင့်နေခဲ့ရာ ၁၅ မီနစ်ခန့်အကြာတွင် ရုံးအပြင်ထွက်လာပြီး ထိုကိစ္စသိချင်လျှင် မြို့နယ်အုပ်ချုပ်ရေးမှူးထံ မေးပါဟု မခြေမငံ ပြောဆိုကာ ဆိုင်ကယ်မောင်းနှင် ထွက်သွား ခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်ထံသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ပိုနေသည့် ဆန်အိတ်များကို ပြန်အပ်ပေးဖို့ စာနှင့်တရားဝင် တောင်းခံထားကြောင်း ဖြေကြားသည်။

လှိုင်သာယာ(အရှေ့ပိုင်း/အနောက်ပိုင်း)မြို့နယ်တွင် လူဦးရေ ၁၀သိန်းကျော်ခန့်ရှိပြီး အိမ်ထောင်စု ၈၀၃၅၈စု တို့အား နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

Top Phoenix Media Group

ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးက နိုင္ငံေတာ္မွ ေထာက္ပံ့သည့္ ဆန္အိတ္ ၄၀အိတ္ကို ပိုယူထား

လွိုင္သာယာတြင္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးက နိုင္ငံေတာ္မွ အေျခခံလူတန္းစားမ်ားကို ေထာက္ပံ့သည့္ ဆန္အိတ္ ၄ဝအိတ္ကို ပိုယူထားဟုဆို

လွိုင္သာယာတြင္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးက နိုင္ငံေတာ္မွ အေျခခံလူတန္းစားမ်ားကို ေထာက္ပံ့သည့္ ဆန္အိတ္ ၄၀အိတ္ကို ပိုယူထားဟုဆို လွိုင္သာယာ၊ ဧၿပီ ၁၆/၂၀၂၀ လွိုင္သာယာ(အေနာက္ပိုင္း)ၿမိဳ႕နယ္၊ အမွတ္ ၁၁ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးမွ အေျခခံလူတန္းစားမ်ားထံ ေထာက္ပံ့ေပးအပ္ၿပီးေသာ္လည္း အုပ္ခ်ဳပ္ေရးမႉး႐ုံး၌ ဆန္အိတ္ ၄၀ ခန႔္ က်န္ရွိေနေသးေၾကာင္း ေျပာသည္။

လွိုင္သာယာ(အေနာက္ပိုင္း)ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉးတို႔က အေျခခံလူတန္းစားမ်ားထံ ေထာက္ပံ့ေပးေသာ ပစၥည္းမ်ားအား အပိုရယူထားေၾကာင္း အမွတ္ ၁၁ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးမွ ေျပာဆိုသည္ဟု အမွတ္ ၁၁ ရပ္ကြက္ ႀကီးၾကပ္ေရးမႉး ဦးစိုင္းလင္းေဇာ္မွ မီဒီယာမ်ားကို ေျပာၾကားသည္။

အမွတ္ ၁၁ရပ္ကြက္၌ အေျခခံလူတန္းစား အိမ္ေထာင္စု ၁၅၄၁ စုအား နိုင္ငံေတာ္မွ ပံ့ပိုးသည့္ ဆန္/ၾကက္သြန္ အစရွိသည့္ ပစၥည္းမ်ား ကို ဧၿပီ ၁၄ရက္ေနက ျဖန္ေဝ ေပးခဲ့ၿပီးျဖစ္ေၾကာင္း၊ ယေန႔ ဧၿပီ ၁၆ ရက္ေန႔၌ ၎ရပ္ကြက္ႀကီးၾကပ္ေရးအဖြဲ႕ထံ ရက္ကြက္ေန ျပည္သူတစ္ဦးမွ ဖုန္းဆက္၍ အုပ္ခ်ဳပ္ေရးမႉး႐ုံးတြင္ ဆန္အိတ္ ၄၀ ခန႔္ ေတြ႕ရွိေၾကာင္း ဆိုသည္။

ရပ္ကြက္ႀကီးၾကပ္ေရးအဖြဲ႕မွ ၁၁ ရပ္ကြက္အုပ္ခ်ဳပ္ေရး႐ုံး သြားေရာက္ကာ အုပ္ခ်ဳပ္ေရးမႉးအား အဆိုပါ နိုင္ငံေတာ္မွ အေျခခံလူတန္းစားမ်ားထံ ျဖန႔္‌ေဝၿပီးထား ပါလၽွက္ ဆန္အိတ္မ်ား ပိုေနသည့္ကိစၥ အား အက်ိဳးအေၾကာင္း ေမးျမန္းခဲ့ရာ

ရပိကြက္ အုပ္ခ်ဳပ္ေရးမႉးမွ “ငါ ၿမိဳ႕နယ္ကို အပိုတင္ မွာထား တာ ၊ မေက်နပ္လၽွင္ ႀကိဳက္တဲ့ေနရာ တိုင္ဟု ” ေျပာ ဆိုခဲ့ ေၾကာင္း ရပ္ကြက္ ႀကီးၾကပ္ေရးအဖြဲ႕မွ Top Phoenix မီဒီယာသို႔ အတည္ျပဳေျပာၾကားသည္။

အမွတ္ ၁၁ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး အား Top Phoenix မီဒီယာမွ ၎တို႔႐ုံးတြင္ ျဖစ္စဥ္မ်ားႏွင့္ ပတ္သက္၍ သြားေရာက္အတည္ျပဳခဲ့ရာ အုပ္ခ်ဳပ္ေရးမႉး ဦးျမကို မွ ခဏေစာင့္ပါဟု ေျပာ၍ ေစာင့္ေနခဲ့ရာ ၁၅ မီနစ္ခန႔္အၾကာတြင္ ႐ုံးအျပင္ထြက္လာၿပီး ထိုကိစၥသိခ်င္လၽွင္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးထံ ေမးပါဟု မေျခမငံ ေျပာဆိုကာ ဆိုင္ကယ္ေမာင္းႏွင္ ထြက္သြား ခဲ့သည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ လွိုင္သာယာ(အေနာက္ပိုင္း) ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးေနမင္းထြန္ထံသို႔ ဆက္သြယ္ေမးျမန္းခဲ့ရာ ပိုေနသည့္ ဆန္အိတ္မ်ားကို ျပန္အပ္ေပးဖို႔ စာႏွင့္တရားဝင္ ေတာင္းခံထားေၾကာင္း ေျဖၾကားသည္။ လွိုင္သာယာ(အေရွ႕ပိုင္း/အေနာက္ပိုင္း)ၿမိဳ႕နယ္တြင္ လူဦးေရ ၁၀သိန္းေက်ာ္ခန႔္ရွိၿပီး အိမ္ေထာင္စု ၈၀၃၅၈စု တို႔အား နိုင္ငံေတာ္မွ ေထာက္ပံ့ေပးအပ္ခဲ့ေၾကာင္း စုံစမ္းသိရွိရသည္။

Top Phoenix Media Group