လွတ်ငြိမ်းချမ်းသာခွင့်ရတဲ့အထဲ ဇနီးဖြစ်သူမေသန်းနုမပါတာကြောင့် ခံစားချက်လေးတွေကိုရင်ဖွင့်လာတဲ့ ဇင်ယော်မောင်မောင်

အွန်လိုင်းပေါ်မှာ လူစိတ်ဝင်စားမှုအများဆုံး သတင်းတစ်ပုဒ်ဖြစ်တဲ့ မင်းသမီးကြီး မေသန်းနုရဲ့ ငွေကြေးလိမ်လည်မှုနဲ့ တရားစွဲခံရတဲ့ သတင်းကိုတော့ ပရိသတ်ကြီးလည်း ကြားသိပြီးကြပြီ ထင်ပါတယ်နော်။ မေသန်းနုကတော့ ငွေကြေး

လိမ်လည်မှုနဲ့ တရားစွဲခံရပြီး ထောင်ဒဏ်တစ်နှစ် ကျခံနေရတာပဲ ဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူ ဇင်ယော်မောင်မောင်က အယူခံဝင်ခဲ့ပေမယ့် ကျရှုံးခဲ့ပါတယ်။ ဒီနေ့ ဧပြီလ ၁၇ ရက်နေ့ နှစ်ဆန်းတစ်ရက်နေ့မှာတော့ ဇင်ယော်မောင်မောင်

က ပြည်ထောင်စု မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံးမှ ချမှတ်ပေးလိုက်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်ရတဲ့ လူတွေထဲမှာ မိန်းမဖြစ်သူ မေသန်းနု ပါဝင်ခွင့်မရခဲ့တဲ့အကြောင်းလေးကို “အ တိတ် ကံ…! လွှတ် မယ့် ထဲ မ ပါ ပါ ခင် ဗျာ”

ဆိုပြီး သူ့ရဲ့လူမှုကွန်ယက် စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့်ရတဲ့အထဲ ဇနီးဖြစ်သူမေသန်းနု ပါဝင်ခွင့်မရတဲ့အကြောင်းလေးကို ဝမ်းနည်းစွာနဲ့ ပြောပြတင်လာခဲ့တာပဲ ဖြစ်ပါတယ်နော်။ ဇင်ယော်မောင်မောင်

ကတော့ ဇနီးဖြစ်သူအတွက် အကောင်းဆုံး လုပ်ဆောင်ပေးခဲ့ပြီး အမေဖြစ်သူ ထောင်ထဲမှာနေနေရလို့ စိတ်မချမ်းသာဖြစ်နေရတဲ့ သားဖြစ်သူအတွက်လည်း ရှေ့ကနေ နှစ်သိမ့်ပေးကာ အကောင်းဆုံး လုပ်ဆောင်ပေးနေတဲ့ ခင်ပွန်းကောင်း၊ ဖခင်ကောင်း တစ်ဦးပါပဲနော်။

ပရိသတ်ကြီးလည်း မိန်းမဖြစ်သူ မေသန်းနု လွတ်ငြိမ်းချမ်းသာခွင့်ရတဲ့အထဲ ပါခွင့်မရခဲ့တဲ့အတွက် ဝမ်းနည်းနေတဲ့ ဇင်ယော်မောင်မောင်အတွက် အားပေးစကားလေးတွေ ပြောသွားပါဦးနော်။