မြန်မာဝတ်စုံလေးနဲ့ရင်ခုန်စွဲမက်ချင်စရာကောင်းနေပြီး ကိုယ်လုံးလေးကိုတစ်ပတ်လှည့်ကာကပြထားတဲ့ နန်းဆုရတီစိုးရဲ့ဗီဒီယို

မင်းသမီးချောလေး နန်းဆုရတီစိုးကတော့ ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးခဲ့သလို အနုပညာသက်တမ်းနှစ်အတော်ကြာရှိနေပြီလည်း ဖြစ်ပါတယ် ။ နန်းဆုက သရုပ်ဆောင်ကောင်းသလို အသံချိုချိုလေးနဲ့ သီချင်းတွေသီဆိုတတ်တာလည်း ဖြစ်ပါတယ် ။

နန်းဆုရဲ့အချစ်သီချင်းလေးတွေကလည်း လူငယ်ပရိသတ်တွေကြားမှာ အမြဲတမ်းရေပန်းစားအောင်မြင်နေတာ ဖြစ်ပါတယ်။

အမြဲတမ်းနုပျိုလှပနေတဲ့ နန်းဆုကတော့ သွယ်လျလှပတဲ့ခန္ဓာကိုယ်အချိုးအစားနဲ့ ဖြူဖွေးဝင်းဥတဲ့အသားအရည်လေးကိုပိုင်ဆိုင်ထားတာ ဖြစ်ပါတယ် ။ နန်းဆုက ဘိုဆန်ဆန်မျက်နှာလေးနဲ့

အရမ်းချစ်ဖို့ကောင်းနေတာလည်း သူမရဲ့ဆွဲဆောင်မှုရှိတဲ့အချက်လေးတစ်ခု ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ရက်ကတော့ နန်းဆုက အိမ်မှာနေရင်း Tik Tok ကစားထားတဲ့ ဗီဒီယိုလေးတွေကို မျှဝေပေးခဲ့တာ ဖြစ်ပါတယ် ။

နန်းဆုက မြန်မာဝတ်စုံလေးကိုဝတ်ဆင်ပြီး သင်္ကြန်သီချင်းလေးတစ်ပုဒ်နဲ့ လှလှပပလေးကပြခဲ့ပါသေးတယ်။ ရင်ခုန်စွဲမက်ချင်စရာအလှပိုင်ရှင်လေးနန်းဆုက ကိုယ်လုံးလေးကိုတစ်ပတ်လှည့်ပြီး

ကပြထားတာကလည်း ကြွေချင်စရာကောင်းနေတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် အိမ်မှာနေရင်း Tik Tok ကစားထားတဲ့ နန်းဆုရတီစိုးရဲ့အကဗီဒီယိုလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit -Nansu Yati Soe’s.Tik Tok Acc