သမီးလေးတွေရှိပေမယ့်လည်း အလှူရှင်တွေရဲ့ အလှူငွေတွေ ထိထိရောက်ရောက်လှူဒါန်းနိုင်ဖို့ ကိုယ်တိုင်စီစဉ်နေရတယ်ဆိုတဲ့ ချစ်သုဝေ

ချစ်သုဝေကတော့ ဆရာဝန်တစ်ယောက်လည်းဖြစ် အနုပညာရှင်တစ်ယောက်လည်းဖြစ်သလို လူမှုအကျိုးပြုဖောင်ဒေးရှင်းကြီးကို တည်ထောင်ထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ချစ်သုဝေက သမီးလေးတွေအတွက်လည်း လိုလေသေးမရှိ ဂရုစိုက်ရသလို

ခေတ်သစ်ဖောင်ဒေးရှင်းရဲ့ အလှူကိစ္စအဝဝကို ဦးစီးဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။ သမီးလေးတွေတစ်ဖက်၊ အလုပ်တစ်ဖက်နဲ့ မအားလပ်တဲ့ ချစ်သုဝေက သူမကို စိတ်ပူနေကြသူတွေ အားလုံးအတွက် အခုလိုပဲ ပြောလာပါတယ်။

“အတတ်နိုင်ဆုံးriskမရှိ​အောင် ကြိုးစားပြီး စီစဉ်​နေပါတယ်​​နော်။ သမီး​လေး​တွေရှိ​တော့ အပြင်ထွက်ရင်စိတ်ပူကြတဲ့မိတ်​ဆွေ​တွေကိုလည်း​ကျေးဇူးပါ​။ ​ဆေးပစ္စည်း​တွေ ဆက်စပ်ပစ္စည်း​​တွေ လိုတာ​တွေ​မေး၊ ဝယ်ပို့ အားလုံးကို team workနဲ့လုပ်ကြရတာမို့ ကိုယ်တိုင်က စီစဉ်ရပါတယ်။

ခေတ်သစ် ​ဖောင်​ဒေးရှင်းအ​နေနဲ့ COVIDအတွက် မတည်​ငွေအပါအဝင် အလှူရှင်များအားလုံးရဲ့အလှူ​ငွေ​တွေအားလုံးကို အလိုအပ်ဆုံး​အရာ​တွေဝယ်ပြီး အလိုအပ်ဆုံး​နေရာ​တွေဆီအ​ရောက်ပို့နိုင်ဖို့ အမြဲလှုပ်ရှားစီစဉ်​နေပါတယ်။ ဒီ​နေ့​တော့ အင်းစိန် ၊ YGH covid ward၊ NOGHမှတဆင့်နယ်​ဆေးရုံများ၊ ​ရေဦး လှူဖို့အားလုံးပြီးစီး” ဆိုပြီး ပြောထားပါတယ်။

ချစ်သုဝေကတော့ တကယ့်ကို ထက်ထက်မြက်မြက်ရှိပြီး ကြင်နာတတ်တဲ့ နှလုံးသား ပိုင်ရှင်လေးပါပဲ။ ချစ်သုဝေတစ်ယောက် ဒီထက်မက လူမှုအကျိုးပြုလုပ်ငန်းတွေကို ဆောင်ရွက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Chit Thu Wai ‘s fb
Bilie