အဆိုတော် နီတာမှာ ရောဂါပိုးတွေ့ ရှိပေမယ့် မိသားစုဝင်တွေမှာ COVID-19 ပိုးမတွေ့ရှိ

အမရာ Quarantine Center မှာ စောင့်ကြည့်လူနာတွေအဖြစ်ရှိနေခဲ့တာလို့ သိရပါတယ်။အဆိုတော် နီတာ ကတော့ COVID-19 ရောဂါပိုးမရှိတဲ့ သူ့ရဲ့ မိသားစုတွေအတွက် ဝမ်းသာနေတယ်လို့ဆိုပါတယ်။

အဆိုတော် နီတာ ကတော့ COVID-19 Positive လူနာဖြစ်နေပေမယ့် သူ့ရဲ့ မိသားစုတွေမှာ COVID-19 ရောဂါပိုး မတွေ့ရှိတဲ့အတွက် ဝမ်းသာကျေနပ်နေရတယ်လို့ ပြောပါတယ်။ သူ့ရဲ့ မိသားစုတွေကတော့ အမရာ Quarantine Center မှာ ဆေးကုသမှု ခံယူခဲ့တာလို့ သိရပါတယ်။

“ကျွန်တော် နီတာက လူနာဖြစ်နေပေမယ့်လည်း မိသားစုဝင်အားလုံးနဲ့ အမရာဆောင်တစ်ဆောင်လုံးဆေးစစ်မှုNegative ဆိုလို့အရမ်းဝမ်းသာမိပါတယ် ခင်ဗျာ” ဆိုပြီးတော့ ဧပြီလ ၂၂ ရက်နေ့ ညနေ ၂ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါတယ်။

နီတာ့ကိုလည်း ကျန်းမာရေး ပြန်လည်ကောင်းမွန်လာစေဖို့ သူ့ကို ချစ်ကြတဲ့ ပရိသတ်တွေက Comment ကနေတဆင့် ဆုတောင်းစကား ဆိုထားကြပါသေးတယ်။

အဆိုတော် နီတာဟာ အစိုးရကကျန်းမာရေး အသိပေးချက်တွေ စကြေညာတဲ့ မတ်လ(၁၃) ရက်နေ့ကစပြီး Stay Home နေခဲ့ပေမယ့် မတ်လ (၂၉)ရက်နေ့မှာ ဘာသာရေးအခမ်းအနားနဲ့ ပတ်သက်တဲ့ ရိုက်ကူးရေးတစ်ခု ပြုလုပ်ပြီးနောက်မှာ

ယခုလို ‌ စောင့်ကြည့်လူနာအဖြစ် အင်းစိန်ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတာ ဖြစ်ပါတယ်။အဆိုတော်နီတာ က မိဘနေအိမ်ဖြစ်တဲ့ အင်းစိန်မှာ နေထိုင်ခဲ့တာကြောင့်

ဧပြီလ (၁၆) ရက်နေ့က ထုတ်ပြန်တဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ရောဂါပိုးတွေ့ရှိသူ စာရင်းမှာအင်းစိန်မြို့နယ်နေ အသက်(၄၀) အရွယ် ကျားတစ်ဦး အဖြစ် ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

credit