အမေများအဖွဲ့အတွက် ငွေကျပ်ဆယ်သိန်းလှူဒါန်းပေးခဲ့တဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်

ယခုနှစ်ကတော့ Covid-19 ကပ်ရောဂါဆိုးကြီးကြောင့် သင်္ကြန်ပွဲကိုကျင်းပခွင့်မရခဲ့တာကြောင့် အမေများအဖွဲ့လည်း ဝင်ငွေမရှိတော့ဘဲ ခက်ခဲခဲ့ရပါတယ်။

ဒီနေ့အမေများနေ့လေးမှာတော့ ဒိတ်ဒိတ်ကြဲအနုပညာရှင်စုံတွဲဖြစ်တဲ့ ဦးတီနဲ့ အူဝဲတို့ကတော့ အမေများအဖွဲ့ကို ကိုယ့်မိခင်အရင်းတွေသဖွယ် မမေ့မလျော့သွားရောက် လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ် ပရိသတ်ကြီးရေ…

ရုပ်ရှင်အသိုင်းအဝိုင်းရဲ့ အမေများလို့ တင်စားခေါ်ဝေါ်ရမယ့် ဝါရင့်အနုပညာရှင်အမေများနဲ့ဖွဲ့စည်းထားတဲ့ အမေများအဖွဲ့ကိုတော့ ဦးတီနဲ့ အူဝဲတို့

သွားရောက်လှူဒါန်းပေးဖြစ်တဲ့အကြောင်းကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

အသက်ကြီးသူကို ဂါဝရတရားနဲ့ မမေ့မလျော့သွားရောက်လှူဒါန်းပေးခဲ့တဲ့ သူတို့ရဲ့အလှူလေးကို သာဓုခေါ်ပေးကြပါဦးနော်။

Credit