နေမကောင်းဖြစ်နေတဲ့မေမေ့ရဲ့အနားမှာ တစ်ချိန်လုံးနေပေးပြီးပြုစုစောင့်ရှောက်ပေးနေတဲ့ တက္ကသိုလ်ဂွမ်းပုံ

ပြည်သူချစ်အနုပညာရှင် တစ်ယောက်ဖြစ်တဲ့ တက္ကသိုလ်ဂွမ်းပုံကတော့ အနုပညာလမ်းကြောင်းပေါ်ကို ဟိုးတစ်ခေတ်ကတည်းက လျှောက်လှမ်းလာခဲ့တာ ဖြစ်ပါတယ်။ ဇာတ်ကား အများအပြားမှာ

ဇာတ်ပို့သရုပ်ဆောင်အဖြစ် ပါဝင်ပြီး ပရိသတ်တွေကို ရယ်မောပြုံးပျော်ရွှင်စေတဲ့သူ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ ယနေ့အချိန်ထိတိုင် သူမကို အားပေးချစ်ခင် နေကြတာပါနော်။

ဂွမ်းပုံက ယခုချိန်ထိတိုင် အရွယ်တင်နုပျိုပြီး လှပနေဆဲဖြစ်လို့ ဟိုးတုန်းကလိုပါပဲနော်။ ဂွမ်းပုံက ရုပ်ရှင်ဇာတ်ကားတွေ အများအပြားမှာ ပါဝင်သရုပ်ဆောင်နေပြီး သူမရဲ့အနုပညာ အရည်အသွေးတွေ

ကလည်း မကျသွားပါဘူးနော်။ ဂွမ်းပုံက ယခုချိန်ထိ အောင်မြင်မှုတွေကို ထိန်းသိမ်းထားနိုင်ပြီး ပရိသတ်တွေရဲ့ အချစ်တော်လေး‌တစ်ယောက် ဖြစ်နေတာဖြစ်ပါတယ်။ ဂွမ်းပုံက ဘဝကို အေးအေး

ချမ်းချမ်းနဲ့ လျှောက်လှမ်းနေပြီး သူမရဲ့မိခင်ကိုလည်း လိုလေသေးမရှိအောင် ဂရုစိုက် စောင့်ရှောက်ပေးပါတယ်။ အခုဆိုရင်လည်း နေမကောင်းဖြစ်နေတဲ့ မေမေ့ရဲ့အနားမှာ တစ်ချိန်လုံးနေပြီး

ပြုစုပေးနေကာ “ငါးတွေလည်းလွှတ် ယတြာတွေလည်းချေပြီးပြီ ချစ်သမီးလည်း ဘေးမှာ အမြဲရှိနေပေးတယ်နော် မေမေလေး” ဆိုပြီး သားအမိနှစ်ယောက် ပုံလေးကို မျှဝေလာတာ ဖြစ်ပါတယ်။