မုန်လာဥနီ ဖျော်ရည်ကို (၈) လ ဆက် တိုက် မနက် တိုင်း စွဲစွဲမြဲမြဲ သောက် ပြီးတဲ့နောက် ကြုံတွေ့ခဲ့ ရ တဲ့ မယုံနိုင်စရာ အဖြစ်အပျက်

မုန်လာဥနီ ဖျော်ရည်ကို (၈) လ ဆက် တိုက် မနက် တိုင်း စွဲစွဲမြဲမြဲ သောက် ပြီးတဲ့နောက် ကြုံတွေ့ခဲ့ ရ တဲ့ မယုံနိုင်စရာ အဖြစ်အပျက်

ကေ လးစာပေတွေကို ရေးသားတဲ့ နာမည်ကျော် စာရေးဆရာမ Mrs Ann Cameron ကတော့ သူမရဲ့ အံသြစရာ အတွေ့အကြုံကို ဝေမျှ ခဲ့ပါတယ်

သူမ ဘ၀ မှာ ပထမဆုံးခါးသီးစွာ ကြုံတွေ့ခဲ့ရတဲ့ ရောဂါ ကတော့ ဓာတု ကုထုံး နဲ့ ကုသမှူ ခံယူရင်း ၂၀၀၅ ခုနှစ်မှာ ကွယ်လွန်ခဲ့တဲ့ သူမ ခင်ပွန်းသည် ခံစားခဲ့ရတဲ့ ရက်စက်လှတဲ့အဆုတ် ကင်ဆာ ပါပဲ..

သူမကိုယ်တိုင် အူမကြီး ကင်ဆာ တတိယ အဆင့်ကို ခံစားနေရတယ်လို့ သိလိုက်ရချိန်မှာ သူမဟာ သူမ ရဲ့ ခင်ပွန်းသည်လို ဓာတုကုထုံး နဲ့ ကုသမှူ ခံယူဖို့ကို ငြင်းဆိုခဲ့ပါတယ်…

၂၀၁၂ ခုနှစ် ဇွန်လ မှာ ခွဲစိတ်ကုသမှု ခံယူခဲ့ပါတယ်… အဲ့ဒီနောက် တစ်ရက်ထက် တစ်ရက် သက်သာ သလို ခံစားခဲ့ရပေမဲ့ ၆ လ အကြာ စမ်းသပ်စစ်ဆေးမှူတွေ ပြုလုပ်ချိန်မှာတော့

ကင်ဆာဆဲလ် တွေဟာ သူမ ရဲ့ အဆုတ်အထိ ပြန့်နှံ့လာပြီး ကင်ဆာ စတုတ္ထ အဆင့်အထိ ရောက်နေကြောင်း သိလိုက်ရပါတယ်…

Ann ဟာ ဒီရောဂါဆိုး ကြီးကို တိုက်ထုတ်နိုင်မဲ့ နည်းမျိုးစုံ ကို လေ့လာရှာဖွေတဲ့အခါ အရေပြားရောဂါဆိုးကြီးကို ခံစားခဲ့ရတဲ့ Ralph Kalley ရဲ့ ဖြစ်စဉ်ကို သိလာခဲ့ပါတယ်..

Ralph Kalley ရဲ့ အပြော အရဆိုရင်တော့ သူဟာ ၂.၅ ကီလိုဂရမ် အလေးချိန်ရှိတဲ့ မုန်လာဥနီ ဖျော်ရည်ကို နေ့စဉ် တိုင်း တစ်နေကုန်သောက်သုံးရင်းနဲ့ သူ့ရဲ့ အရေပြားကင်ဆာ ကို ကုသနိုင်ခဲ့တယ်လို့ ဆိုပါတယ်…

Annကတော့ အောက်ပါ နည်းများနဲ့ သူမရဲ့ကျန်းမာရေးကို တိုးတက် စေခဲ့တယ် လို့ဆိုပါတယ်..

မုန်လာဥနီ ဖျော်ရည်ကို ၈ ပတ် ဆက်တိုက် သောက်ပြီးနောက် ကင်ဆာဆဲလ် တွေ ပြန့်နှံ့ခြင်း မရှိတော့ပဲ အသားပိုတွေဟာလည်း ကျုံ့လာတယ်ဆိုတာကို စမ်းသပ် တွေ့ရှိခဲ့ရပါတယ်.

၎ လ ခန့် ဆက်တိုက် သောက်ပြီးချိန်မှာ တော့ အဖုအကျိတ်လေးတွေ ဟာ ပုံမှန်အတိုင်းပြန်ဖြစ်သွားပြီး ကင်ဆာဆဲလ်တွေကိုလည်း ဆက်လက် ထိန်းချုပ် ကုသနိုင်ကြောင်းတွေ့ရှိခဲ့ ပါတယ်..

၈ လ ပြည့်တဲ့ အချိန်မှာတော့ နေ့စဉ် တစ်နေကုန် မုန်လာဥနီ ဖျော်ရည်ကို မပျက်မကွက် သောက်ခဲ့ တဲ့ ကျေးဇူးနဲ့ ကင်ဆာရောဂါ လုံးဝ ပျောက်ကင်းသွားကြောင်း စစ်ဆေး တွေ့ရှိခဲ့ရပါတယ်…

အခုလို အံ့သြစရာ ရလာဒ် များ ကို ရစေခဲ့တာကတော့ မုန်လာဥနီ ဖျော်ရည်မှာ ပါဝင်တဲ့ Fatty Alcohol ၊ ကင်ဆာဖြစ်စေသော ဆဲလ်များကို

သဘာဝအလျောက် သေစေတဲ့ ဓါတ်များ နဲ့ မုန်လာဥမှာ ပါဝင်တဲ့ Carotene တို့က ကင်ဆာဆဲလ်များ ဖြစ်ပွားခြင်းကို ထိထိရောက်ရောက် ကာကွယ်ပေးခဲ့ခြင်း ကြောင့်ဖြစ်ပါတယ်။

သူမရဲ့ မုန်လာဥနီ ဖျော်ရည် ကုထုံး ကို ဆောင်ရွက်လို့အပြီးမှာ အခုလို ထိရောက်တဲ့ ရလာဒ်ကောင်းများ ရခဲ့ပြီးတဲ့နောက် Ann Cameron ဟာ “မုန်လာဥနီ ဖြင့် ကင်ဆာရောဂါကို ကုသခြင်း” ဆိုတဲ့ စာအုပ် ကို ရေးသား ထုတ်ဝေခဲ့ပါတယ်။

မုန်လာဥနီ ဖျော်ရည်ပြုလုပ်ရန် လိုအပ်သော ပစ္စည်းများ (တစ်ခွက်စာ)

မုန်လာဥနီ ၆ တောင့် (၂.၅ ကီလို ဂရမ် ခန့်)

သံပုရာသီး တစ်ခြမ်း (အနံ့မွှေးကြိုင်စေရန်)

၁ လက်မ ခန့် အရွယ် ဂျင်း တစ်တက်

နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက် သို့မဟုတ် ၄ ပုံ ၁ ပုံ

သစ်ဂျပိုးခေါက် အမှုန့် လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ ပုံ

ရေဖန်ခွက် တစ်ဝက်

ပြင်ဆင်ပုံ

ပါဝင်သည့် ပစ္စည်းများအားလုံးကို (သစ်ဂျပိုးခေါက်မှုန့်မှ လွဲပြီး) သစ်သီးဖျော်စက်ထဲသို့ ထည့်ကြိတ်ပါ၊

ထို့နောက် အဖတ်များကို သေချာစွာ စစ်ထုတ်ပြီး သစ်ဂျပိုးခေါက်မှုန့်ထည့်ပြီး သေချာစွာမွှေပါ။ ခပ်ကျဲကျဲ သောက်လိုပါက ရေထပ်ထည့် နိုင်ပါသည်။