ချစ်သူသက်တမ်း (၁၁) နှစ်တိုင်တိုင် ပြည့်ခဲ့ပြီဖြစ်တဲ့ လွှမ်းပိုင်နဲ့  BOBBY SOXER တို့  စုံတွဲ

လူငယ်ကြိုက်အဆိုတော်နှစ်ယောက်ဖြစ်တဲ့ လွှမ်းပိုင်နဲ့  Bobby Soxer ဟာ တူညီတဲ့ ဂီတလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေကြသူများ ဖြစ်ပါတယ်။ ဝါသနာတူသလို စိတ်တူကိုယ်တူနဲ့

လက်တွဲနေကြတဲ့ လွှမ်းပိုင်နဲ့  Bobby Soxer တို့အတွဲလေးက ပရိသတ်တွေ အားကျရတဲ့ စုံတွဲလေးတစ်တွဲဆိုလည်း မမှားပါဘူး။

လွှမ်းပိုင်နဲ့  Bobby Soxer ကလည်း နှစ်တွေအတော်ကြာသည့်တိုင် တစ်ဦးပေါ်တစ်ဦး သစ္စာမပျက်ပဲ ရွှေလက်တွဲနေကြတာ ဖြစ်ပါတယ်။

ဒီကနေ့ မေလ (၁၇) ရက်နေ့ကတော့ လွှမ်းပိုင်နဲ့ Bobby Soxer တို့ ချစ်သူနှစ်ယောက်ရဲ့ ချစ်သူသက်တမ်း (၁၁) နှစ် ပြည့်တဲ့နေ့လေးပဲ ဖြစ်ပါတယ်။မအောင်မြင်ခင် အတူတူ ကြိုးစားခဲ့ကြတဲ့ (၂၀၀၉) ခုနှစ်ကတည်းက အခုချိန်ထိ သစ္စာရှိရှိ လက်တွဲလာတာ တကယ့်ကို အားကျစရာပါပဲ။

လွှမ်းပိုင်နဲ့  Bobby Soxer ကတော့ ချစ်သူသက်တမ်း (၁၁)နှစ် ကြာသည့်တိုင် လက်ထပ်ဖို့အရေး ပရိသတ်တွေကို ပြောပြထားခြင်းမရှိသေးပါဘူး။ လွှမ်းပိုင်နဲ့  Bobby Soxer တို့စုံတွဲလေး

နောက်နှစ်ပေါင်းများစွာတိုင် အခုလိုပဲ ပျော်ပျော်ရွှင်ရွှင်နဲ့ နှစ်ပတ်လည်နေ့ပေါင်းများစွာကို ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

credit-