အခွန်ငွေနှင့် ဆိုင်ခန်းခတွေများစွာ ကြိုဆောင်ထားရတဲ့အတွက် သူမဆိုင်ခန်းလေးကို အမြန်ဆုံးပြန်ဖွင့်ချင်ပြီဆိုတဲ့ လမင်းကဗျာ

ချစ်စရာကောင်းတဲ့ ဇာတ်ပို့ဇာတ်ရံတစ်ယောက်ဖြစ်တဲ့ လမင်းကဗျာကတော့ အနုပညာလုပ်ငန်းတွေလုပ်ကိုင်နေသလို သူမရဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကိုလည်း တည်ထောင်ထားတာ ဖြစ်ပါတယ်။ လမင်းကဗျာက VIPERS Bar & BBQ ဆိုတဲ့

စားသောက်ဆိုင်လေးတစ်ဆိုင်ကို ဖွင့်လှစ်ထားသူ ဖြစ်ပါတယ်။ ဒါပေမယ့် အခုလို ကပ်ရောဂါအခြေအနေတွေကြောင့် ဆိုင်တွေပိတ်ထားရတဲ့အချိန်မှာ သူမရဲ့ စားသောက်ဆိုင်လေးကိုလည်း အလကားပိတ်ထားရတဲ့အကြောင်းကို အခုလိုပဲ ရင်ဖွင့်လာပါတယ်။

“၁၆ ရက်နေ့ ဆိုင်တွေကို စည်းကမ်းတကျ ပြန်ဖွင့်ခွင့်ပေးပြီတဲ့ဝမ်းသာနေတာ။ ဘီယာဆိုင်တွေမပါဘူးဆိုတော့ သွားပြီပေါ့။ ဆိုင်လခတွေက အလကားပေးထားရတာ။ တစ်နှစ်ကို အခွန်က ၂၄သိန်းဆောင်ထားရတာ။

ပြီးတော့သူများလိုပြီးစလွယ်ရောင်းလို့မရဘူး။ အခွန်တံဆိပ်ခေါင်းက တစ်လကို ၃သိန်းဖိုးလောက် ဝယ်ထားပီးကပ်ပေးရသေးတယ်။ ဒီကြားထဲ အမြတ်ခွန်ကဆောင်ရသေးတယ် ဆိုင်က ဝန်ထမ်းတွေလဲ အလုပ်လက်မဲ့ ဖြစ်နေတာ ၂လရှိပြီ။”

“လက်ဖက်ရည်ဆိုင်တွေ က လူပိုများပြီး ပိုရူပ်မှာ မဟုတ်ဘူးလား ငါတို့ဘီယာဆိုင်တွေကိုရော တစ်ဝိုင်းနဲ့ တစ်ဝိုင်း ခြဲ ပီး ရောင်းခွင့်မရှိဘူးလား အခွန်တွေကျတော့ အများဆုံးဆောင်ရတယ်။

အခု စားသောက်ဆိုင်တော်တော်များများ အရှုံးတွေ ပေါ်တဲ့ဒဏ်မခံနိုင်ကြလို့ ပြန်ရောင်းကုန်ကြတာ အများကြီးပဲ။ ဖွင့်ခွင့်ရတဲ့ ဆိုင်တွေ အတွက်ဝမ်းသာပါတယ်။ ကျွန်မတို့ စားသောက်ဆိုင်တွေ အတွက်လဲ စဉ်းစားပေးစေချင်ပါတယ်ရှင့်။” ဆိုပြီး ရင်ဖွင့်လာပါတယ်။

လမင်းကဗျာကတော့ သူမကိုယ်ပိုင်ဝင်ငွေနဲ့ ဆိုင်လေးတစ်ဆိုင်ဖွင့်ထားပြီး အခုလို လုပ်ငန်းရပ်နားထားရတဲ့အတွက် ရင်ဖွင့်လာတာပဲ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

ခရက်ဒစ်