အိမ်မှာ အားကစားလုပ်ရင်း သားလေးဖိုးဓီကို ထိန်းနေတဲ့ မင်းသမီးချောလေး အိန္ဒြာကျော်ဇင်ရဲ့ video





ယူနီကုဒ်ဖြင့်ဖတ်ရန်

အိမ်မှာ အားကစားလုပ်ရင်း သားလေးဖိုးဓီကို ထိန်းနေတဲ့ မင်းသမီးချောလေး အိန္ဒြာကျော်ဇင်ရဲ့ ဗီဒီယို

နိုင်ငံကျော် မင်းသမီးချောလေး အိန္ဒြာကျော်ဇင်က အနုပညာနယ်ပယ်မှာ အောင်မြင်မှုတွေများစွာ ရရှိပိုင်ဆိုင်ထားတဲ့ မင်းသမီးတစ်လက် ဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်က အသက်လေးဆယ်အရွယ် ကလေးနှစ်ယောက်မိခင်တစ်ဦးဖြစ်နေပေမယ့် သူမရဲ့ လှပတဲ့ ရုပ်ရည်ကတော့ ပြောင်းလဲသွားခြင်း မရှိပါဘူး။

အိန္ဒြာကျော်ဇင်က လက်ရှိမှာလည်း သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင် အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းတွေလည်း တည်ထောင်ထားတာ ဖြစ်ပါတယ်။

လက်ရှိမှာ ကပ်ရောဂါအခြေအနေတွေကြောင့် အနုပညာလုပ်ငန်းတွေ ရပ်နားထားတဲ့ အိန္ဒြာကျော်ဇင်က အိမ်မှာပဲ မိသားစုတွေနဲ့အချိန်ကုန်ရင်း အားကစားလေ့ကျင့်ခန်းတွေကို မှန်မှန်လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာလည်း အိန္ဒြာကျော်ဇင်က အားကစားလုရင်း သားလေး ဖိုးဓီကို ထိန်းနေတဲ့ ဗီဒီယိုလေးကို အခုလိုပဲ မျှဝေပေးထားပါတယ်။

အိန္ဒြာကျော်ဇင်ကတော့ အားကစားလုပ်ပြီး ပင်ပန်းနွမ်းလျနေတဲ့မျက်နှာလေးနဲ့တောင် အရမ်းလှနေတာပဲနော်။ ပရိသတ်ကြီးလည်း အိန္ဒြာကျော်ဇင်တို့ ပုံရိပ်လေးကို သဘောကျကြမယ် ထင်ပါတယ်နော်။

Source: Eaindra Kyaw Zin’s fb
Bilie – Cele Connections