ဗစ်တိုရီးယားနဲ့ သိန်း၈၀၀ အသံဖိုင်ကိစ္စ လင်းလင်းကိုယ်တိုင် ရှေ့နေကြီးအိမ်အထိ ဒဲ့သွားရှင်းပြီ

အဆိုတောင်လင်းလင်း ရှေ့နေရောဘတ်စန်းအောင်ဆီသွားပြီး ဗစ်တိုးရီးယားလေးအမှုကိစ္စမှာ သိန်း၈၀၀ ရသွားတယ်ဆိုတဲ့ကိစ္စကိုဒဲ့ရှင်းလိုက်တဲ့ video ရုပ်သံ

အဆိုတော် လင်းလင်းကတော့ ပြီးခဲ့တဲ့ (၂၀၁၉)ခုနှစ်ကတည်းက ဖြစ်ပွားခဲ့တဲ့ နိုင်ငံကျော် ဗစ်တိုးရီးယားအမှုနဲ့ ပက်သတ်ပြီး စိတ်ရော၊ လူပါ ကူညီခဲ့တာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဗစ်တိုးရီးယားအမှုမှာ လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံက

သိန်း ၈၀၀လောက် အမြတ်ထွက်သွားတယ်ဆိုပြီး နာမည်ကြီး ရှေ့နေတစ်ယောက်ပြောတယ်ဆိုတဲ့ အသံဖိုင်က လူမှုကွန်ယက်မှာ ပျံ့နှံနေတာပဲ ဖြစ်ပါတယ်။ ထိုအသံဖိုင်နဲ့ ပတ်သတ်ပြီး ကာယကံရှင် လင်းလင်းက အခုလိုပဲ ဖြေရှင်းထားပါတယ်။ “တကယ်တော့ ကျနော်တို့ကို

စော်ကားထားတဲ့ အသံဖိုင်ကိစ္စက မဟုတ်ဘူးလို့ ထွက်ရှင်းရတာ လွယ်ပါတယ်။ ဖြစ်လဲမဖြစ်နိုင်ဘူး။ မဖြစ်နိုင်ကြောင်း၊ မဟုတ်တဲ့အကြောင်းကိုလဲ ကျနော်တို့ကို ချစ်ကြခင်ကြတဲ့ မိတ်ဆွေတွေ၊ မိသားစုတွေ၊ ပရိတ်သတ်တွေ၊ ရောင်းရင်းတွေ အားလုံးကလဲသိလို့တစ်ခုခုလုပ်ရမယ်၊ ဒီတိုင်းထားလို့မရဘူး ဆိုပြီး ဥပဒေအတိုင်းအရေးယူဖို့ လာဆက်သွယ်ကြတာကလဲ အသံဖိုင်ထွက်ကတည်းကပါဘဲ။

အသံဖိုင်စထွက်ကတည်းက နားထောင်ပြီးပါပြီ။ သိမ်းလဲထားပါတယ်။ သို့သော် နားထောင်ရုံနဲ့ ပြီးစလွယ် မဟုတ်တမ်းတရားစော်ကားထားတဲ့ဒီကိစ္စက ရိုးရှင်းသလား? အရောင်တွေပါလား? စဉ်းစားရတယ်။

ဘာလို့ဆို ကပ်ရောဂါနဲ့ တစ်နိုင်ငံလုံးရှုပ်နေတဲ့ ကာလမှာ တစ်နိုင်ငံလုံးအကဲစပ်တဲ့ သမီးလေး V ကိစ္စနဲ့ တစ်မိသားစုလုံးသိက္ခာကျအောင် မဟုတ်တမ်းတရားစွတ်စွဲတာက ဘယ်အထိ ရည်ရွယ်တာလဲပေါ့။

ဒီကာလမှာ ကျနော့်ကိုရွေးပြီး ပွိုင့်တည်တာဘာကြောင့်လဲ? ပေါ့။ ကျနော်တို့ကတော့ ရှင်းပါတယ်။ လုပ်နိုင် ကိုင်နိုင်၊ လှူနိုင်တာတွေကို လူအား,စိတ်အား,ငွေအား အကုန်စိုက်ပါတယ်။ ဒီကောလဟလ မှာ နိုင်ငံရေးတွေမပါဖို့မျှော်လင့်ပါတယ်။

အကောင့်တစ်ခုက မေးလို့ပရိတ်သတ်တွေကိုထ,ရှင်းတာမဟုတ်ပါဘူး။ နေရာစုံ၊ ဌါနစုံက တောကြောင်တွေ အချို့ကို ရှင်းပြတာပါ။ တော်တော် စိတ်ရှည်ရှည်ထားပြီး ရေးလိုက်ရတယ်။ ကျနော်က ပါးစပ်ကပြော၊စာတွေရေးပြီး ရှင်းရတာဝါသနာမပါဘူး။ လက်တွေ့ဘဲရှင်းတတ်တာ” ဆိုပြီး

လင်းလင်းက ဖေ့စ်ဘုတ်စာမျက်နှာမှ ရေးသားထားပါတယ်။ လင်းလင်းကတော့ ထိုအသံဖိုင်နဲ့ ပက်သတ်ပြီး ပါးစပ်ကပြော၊ စာတွေရေးပြီးမရှင်းပဲ လက်တွေ့ပဲ ရှင်းမယ်ဆိုပြီး ပြောလာတာပဲ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးတင်ပါတယ်။

အဆိုတောင်လင်းလင်း ရှေ့နေရောဘတ်စန်းအောင်ဆီသွားပြီး ဗစ်တိုးရီးယားလေးအမှုကိစ္စမှာ သိန်း၈၀၀ ရသွားတယ်ဆိုတဲ့ကိစ္စကိုဒဲ့ရှင်းလိုက်တဲ့ video ရုပ်သံ အောက်တွင်ဖော်ပြပေးလိုက်ပါတယ်

Source ; Htwe Lynn Ko