အိမ်နီးချင်း ဖြစ်တဲ့ထိုင်းက အသက်မွေးဝမ်းကျောင်း ကောလိပ်မှာ သင်ကြားပေးတဲ SEX EDUCATION ဆိုတဲ့ လိင်ပညာရေး

ယခုပြောမယ့် အကြောင်းက ထိုင်းနိုင်ငံ မြောက်ပိုင်း အသက်မွေး ဝမ်းကျောင်း ကောလိပ် တစ်ခုမှာ Sex Education အကြောင်းနဲ့ ပတ်သက်ပြီး သင်ကြားနေ ကြပုံတွေပါ။

ကျောင်းသား ကျောင်းသူပေါင်း (၃၀၀၀) ကို ပညာပေး ကြမှာဖြစ်ပြီးတော့ သင်ကြားပေးမယ့် ဆရာကတော့ ၃ ယောက်တည်းပါ (အမျိုးသားဆရာ ၂ ယောက်၊ အမျိုးသမီး ဆရာမ ၁ ယောက်) ဆရာတွေက Sex Education နဲ့ပတ်သက်ပြီး သင်တန်းတွေ တက်ထားသူတွေ။

အရည်အချင်း ပြည့်ဝပြီး Sex Education အကြောင်း ကောင်းကောင်း ပြောတတ်၊ သင်တတ် သူတွေပေါ့။ ကောလိပ်အဆင့်ကို သင်ကြရမှာ ဆိုတော့ ဖတ်စာအုပ်ကြီး ပေးလိုက်ပြီး သွားသင်လို့ လုပ်လို့မရဘူး။ အတွေ့ အကြုံတကယ်ရှိပြီး ပြောနိုင်၊ ဟောနိုင်၊ ဖြေရှင်းနိုင်သူတွေကို မွေးထားကြ ရတာပါ။

Sex Education နဲ့ ပတ် သက်ပြီး သူတို့ ဘာတွေသင် ကြသလဲ ဆိုတော့ ( ငြင်းပယ်သင့်တာ ဘာတွေလဲ၊ လက် ခံသင့်တာ ဘာတွေလဲ၊ ကွန်ဒုံး ဘယ်လိုဝယ်မလဲ၊ သန္ဓေတားနည်း အမျိုးမျိုးနဲ့ ကျားမ ခွဲခြားဆက် ဆံမှုများဆိုင်ရာ အမြင်) တွေပဲဖြစ်ပါတယ်။

ဆရာတွေက Sex Education ကို သင်ကြား ရာမှာ “အကောင်းမြင် ဘက်က သင်ကြားခြင်း” အပေါ် အ ခြေခံတယ်။ Sex Education ဆိုတာ အဆိုးမြင်၊ အ ဆိုးတွေး၊ အဆိုးပေးစရာ မဟုတ်ဘူးလို့ လက်ခံထားကြတယ်။

ကျားနဲ့မ တို့ရဲ့ ကိုယ်ခန္ဓာ အစိတ်အပိုင်း တွေမှာ အာရုံ ခံစားမှုအနေနဲ့ ရမ္မက်သွေး ကြွလွယ်တဲ့ ကိုယ်အစိတ် အပိုင်းနေရာများ၊ တကယ်လို့ ယောက်ျားလေး တွေက ဆန္ဒရှိခဲ့ရင် ကွန်ဒုံးကို ဘယ်လို အသုံးပြုရတယ် ဆိုတဲ့ ဗီဒီယိုတွေ ပြပေးမယ်

သင်တဲ့ ဆရာတွေ ကိုယ်တိုင်က ဒါတွေကို လုပ်ကိုလုပ်ရမယ်လို့ မပြောဘူး။ အဲဒါတွေလုပ်ရင် ရလာနိုင်တဲ့ အ ကျိုးတရား တွေကိုပဲ ပြောပြတယ် သူတို့ ဆရာတစ်ဦး ပြောပုံကိုကြည့် “ဆရာ့အနေနဲ့ ဒီသင်ခန်းစာရဲ့ နိဂုံးပိုင်းကို မပြောချင်ဘူး။ မင်းတို့ ကြိုက်သလိုတွေးလို့ရတယ်။ ထင်မြင်လို့ရတယ်။

မှားတယ် မှန်တယ် မင်းတို့ကြိုက်သလို ဝေဖန်ဆွေး နွေးလို့ရတယ်” အဲဒါ Sex Education သင်နည်းတစ်မျိုးပဲ။ ဆရာက အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး ထင် မြင်ချက်တွေ ပေးရမှာမဟုတ်ဘူး။ ဖြစ်နိုင်တဲ့ သဘော တရားတွေကို ရှင်းပြပြီး တွေးခိုင်းရမှာ။ သူတို့ကို သင် ပေးရမှာ မဟုတ်ဘူး။

အတွေးတွေ ပေးရမှာ။ တွေးနိုင်အောင် လုပ်ပေးရမှာ။ ဒါမှ ငါတို့အနေနဲ့ ဘယ်လိုတွေ ကာကွယ်ဖို့ လိုပါလား ဆိုတာကို အလိုလိုသိအောင် လုပ်တာ။ Sex Education သင်တဲ့ ဆရာတွေက သူတို့ဘဝတွေနဲ့ ထင်ဟပ်ပြီး ကောင်းတာတွေ ဆိုးတာတွေ ဝေဖန်မပြဘူး။ ဆရာတစ် ယောက်ပြောတာ

“ကလေးတစ်ချို့က ကျွန်တော်တို့ ထက်တောင် ပိုသိနေတာ။ ဒါကြောင့် ကိုယ်က အဲဒီနည်းက ပိုကောင်း တယ်လို့ ပြောလိုက်ရင် သူတို့မှာ စမ်းသပ်စရာ နောက်တစ်နည်းများ ထပ်ရသွားမှာလား စဉ်းစားရမယ်။ လိင်ကိစ္စနဲ့ ပတ်သက်လို့ ကိုယ်ထင်တာတွေ မပြောမိအောင် အရွယ်ရောက်နေတဲ့

ကလေးတွေကို ဆင်ခြင်ရမယ်။ ကျွန်တော် တို့က လက်တွေ့ကျတဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကို ပြောသင့်ပါတယ်။ ဒါပေမဲ့ ဆရာကတော့ ဒီနည်းကို ကြိုက်တယ် ဆိုတာ မျိုးတွေတော့ မပြောသင့်ပါဘူး” သူတို့ ကျောင်းသား ကျောင်းသူတွေကို ဘာတွေ မေးသလဲ “မင်းတို့ ဟိုကိစ္စကို

လွန်ကျူး တော့မယ်ဆိုရင် အဲဒီကိစ္စကို ကျကျနန လေ့လာပြီးပြီလား သိထားပြီးပြီလား” သူတို့က မ သိပါဘူး” လို့ဖြေကြတယ် “ဆရာနားလည် တာက မင်းတို့မှာ ရာနှုန်းပြည့် Sex ကိစ္စနဲ့ ပတ်သက်ရင် အ သင့် ဖြစ်နေကြပြီ ဆရာတို့ ဒီကိုလာတာက မင်းတို့ကို Sex နဲ့ပတ်သက်တဲ့

သတင်းအချက် အလက်တွေ ပေးဖို့ လုပ်နည်းကိုင် နည်းတွေ ပေးဖို့ မဟုတ်ဘူး” သူတို့က ရယ်ကြတယ် ဆရာတွေ ဦးတည်ထားတဲ့ Sex Education က ခုမှစတယ်။ သူတို့ လူငယ်တွေကို လွန်ကျူး လိုက်မိရင် ဖြစ်လာနိုင်တဲ့ ကိုယ်ဝန်ဆောင်ခြင်း သဘောတရားတွေကိုပြောတယ်။ အချိန်မရောက်

သေးဘဲ ကိုယ်ဝန်ဆောင် လိုက်ရရင် ဆုံးရှုံးနိုင်တာတွေပြောတယ်။ ဆောင်သင့်တာတွေ ရှောင်သင့် တာတွေကို ကျန်းမာရေး ရှုဒေါင့်က ပြောတယ်။ ရလဒ်ကဘာလဲ ဆရာတစ်ယောက် ပြောတာ နားထောင် ကြည့်ရ အောင် “ဟိုးတစ်ချိန် ကျွန်တော်တို့

လိုက်ပြီးမဟော ပြောစဉ်ကဆိုရင် တစ်နှစ်ကို ကိုယ်ဝန် ဆောင်သွားရတဲ့ ကျောင်းသူ ၅၀ / ၆၀ လောက်ရှိတယ်။ ခုဆိုရင် ၁၀ ယောက်စွန်းစွန်းလေးပဲရှိတော့တယ် (ဒါက ထိုင်းနိုင်ငံမှာ Sex Education နဲ့ပတ်သက်ပြီး ဘယ်လိုတွေ သင်သလဲဆိုတာ ဗဟုသုတမျှဝေတာ)

Ref: UNICEF for Every Child
Photo Credit: BBC
တင်ညွန့်