တောင်ဒဂုံ (၇၂)ရပ်ကွက်မှာ လှူဒါန်းခဲ့တဲ့ ဖွေးဖွေးတို့ မိသားစု

ဖွေးဖွေးကတော့ ပျော်စရာကောင်းပြီး နွေးထွေးမှုတွေ ပြည့်နှက်နေတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။

အသက်သုံးဆယ်ကျော်အရွယ်ထိ အိမ်ထောင်မပြုသေးပဲ မိသားစုတွေနဲ့ အတူတူ နေထိုင်ပြီး မိဘနှစ်ပါးကို ပြုစုစောင့်ရှောက်ပေးနေသူလဲ ဖြစ်ပါတယ်။

အလှူရေစက်လက်နဲ့မကွာတဲ့ ဖွေးဖွေးတို့ မိသားစုက ဒီကနေ့မှာလည်း သူမတို့ အိမ်ချက် သီးစုံဘဲဥပဲကုလားဟင်းကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ဖွေးရဲ့ မေမေက အလှူလေးနဲ့ ပက်သတ်ပြီး “ချက်သမျှ ဗမာကြက်ထောပတ်ထမင်းက ကြက်သားအနှစ်တွေရေခဲခဲထားပြီး (၃) ကြိမ်တစ်ခါလောက်

ကုလားပဲ၊ အာလူး၊ ဒန့်ဒလွန်၊ ခရမ်းသီး၊ ပဲတောင့်ရှည်၊ ဘူးသီး၊ ရွှေဖရုံသီး၊ ရုံးပဒေသီး၊ ပူစီနံ များနဲ့ ကြက်ဥအလုံး ၁၅၀ ထပ်ထည့်ပြီး ချက်ပြုတ် ထားတာပါ။

ဒီနေ့တော့ တောင်ဒဂုံ ၇၂ ရပ်ကွက် မိတ်ကပ်အူဝဲ တို့ရပ်ကွက်ကိုလှူမှာပါ အများကုသိုလ်ပါ သာဓုခေါ်ကြပါနော့” ဆိုပြီး ရေးထားပါတယ်။

ဖွေးစိန်တို့ အိမ်ကတော့ ထောပတ်ထမင်းအိမ်ချက်ချက်ပြီး လတိုင်းလိုလို သီးစုံပဲကုလားဟင်းနဲ့အတူ လှူဒါန်းလေ့ရှိပါတယ် ပရိသတ်ကြီးလည်း ဖွေးဖွေးတို့ မိသားစုအလှူလေးအတွက် သာဓုခေါ်ပေးကြပါဦးနော်။