




[Unicode]

ကိုဗစ်ကာလအတွင်း ကျက်သရေရှိလှတဲ့ ဆိုက္ကားဆရာများရဲ့ အလှူ

မြန်မာနိုင်ငံမှာ အချိန်ကာလတော်တော်ကြာကြာ ကျေးရွာဘက် သယ်ယူပို့ဆောင်ရေးတွေကို အဆင်ပြေစေခဲ့တာက ဆိုက္ကားဆရာတွေရဲ့ ကျေးဇူးပါနော်။သူတို့ဟာဆိုရင် ယခင်ကအဆင်ပြေပေမယ့် အခုနောက်ပိုင်း ဂွန်ဒေါင်းလို သုံးဘီးတွေပေါ်လာချိန်မှာ ဆိုင်ကယ် ကယ်ရီတွေ ပေါ်လာချိန်မှာတော့ အရမ်းကြီးအဆင်မပြေကြတော့ပါဘူး။

ဒါပေမယ့်လည်း မိသားစု စားဝတ်နေရေးအတွက် ယနေ့တိုင်လမ်းမထက်မှာ ရုန်းကန်နေဆဲပါနော်။အတိတ်ဘဝကံမကောင်းလို့ပဲ ဆိုဆို ၊ ဘာကိုမှ အပြစ်မဖွဲ့ပဲ လောကဓံကို ရုန်းကန်နေကြသူတွေပါ။သူတို့ဟာ ဝင်ငွေနည်းပါးပေမယ့် စေတနာတော့ မနည်းပါကြပါဘူး။

ယနေ့ နံနက် ၆ နာရီခန့်က ဆိုက္ကားဆရာတွေရဲ့ သောက်ရေအလှူကို ကျက်သရေရှိစွာ တွေ့မြင်ရတယ်။ဗောဓိတစ်ထောင်နား ကျီးအုပ်ရွာကို သွားလှူကြမယ်လို သိရတယ်။သူတို့ရဲ့ မွန်မြတ်တဲ့ စိတ်ထားလေးကို အသိအမှတ်ပြုရင် သာဓုခေါ်ပေးခဲ့ပါနော်။

Credit Original Writer