ဒီနေ့မှာပဲ ချစ်ရတဲ့သူနဲ့လက်ထပ်လိုက်ပြီ ဖြစ်ကြောင်းတရားဝင် အသိပေးလိုက်တဲ့ ဒေါက်တာ မြဝတ်ရည်

ယခု သတင်းကို ( ဒေါက်တာ မြဝတ်ရည် ) စာမျက်နှာ မှ တစ်ဆင့် ပြန်လည် မျှဝေ တင်ဆက်ခြင်း ဖြစ်ပါသည်။မေ ၂၇ ရက်မှာ လက်မှတ်ရေးထိုးဖြစ်အောင် အဖက်ဖက်မှ အစစအရာရာ ဖြည့်ဆည်းကူညီပေးကြတဲ့ နှစ်ဖက်သော မိဘဆွေမျိုးများနဲ့

လိုအပ်သမျှ အကြံပေး ကူညီ ဖေးမကြသော မိတ်ဆွေများ admin များနဲ့ We love witches နဲ့ followers တွေ အပါအဝင် သတို့သားအတွက် ပိုးပုဆိုးလက်ဆောင်ပေးတဲ့ မင်းသမီး ပိုးထည်တိုက်ပုဆိုးကိုလည်းကျေးဇူးတင်ကါတယ်ရှင့်။

လုံချည်တွေနဲ့ လိုက်ဖက်မယ့် အပေါ်အဝတ်အစားအပြင် သတို့သားဖိနပ်မှအစ ရှာဝယ်ရခက်တဲ့ COVID ကာလကြီးမှာ ကိုယ်တိုင်လိုက်ဝယ်ပေး လှပတဲ့ ဒီဇိုင်းလေးနဲ့ သတို့သားတိုက်ပုံ ရှပ်အင်္ကျီအပါအဝင်သတို့သမီး မြန်မာအင်္ကျီကို တော်တော်များများမှာ

အဆင်ပြေခဲလှတဲ့ ပုခုံး ဂျိုင်းနဲ့ လက်တွေကို သေသပ်လှပစွာ စေတနာအားကောင်းကောင်းနဲ့ ဖန်တီး အလှဆင်ပေးတဲ့ စိတ်တိုင်း အလွန်တရာကျအောင် စိတ်ကျေနပ်အောင် ဖန်တီးအလှဆင်ပေးတဲ့ ကိုဂျွန် Channing Johnကိုလည်းကျေးဇူးတင်ပါတယ်ရှင့်။

သတို့သမီး စိတ်တိုင်းကျ စိတ်ကျေနပ်ဖွယ်ကောင်းလောက်အောင် လိုချင်တာနဲ့ ထပ်တူကျအောင် ပြင်ဆင်ပေးပြီးမေတ္တာစေတနာအပြည့်နဲ့ မိတ်ကပ်လိမ်းခြယ်ပေးပါတဲ့ Make up မမေဦးမောင် လိုအပ်တဲ့ လက်ဝတ်ရတနာ တန်ဖိုးကြီးအဆင်တန်ဆာတွေကို မေတ္တာလက်ဆောင်

ဆင်မြန်းပေးပါသော မင်္ဂလာလက်စွပ်များကို စိတ်တိုင်းကျ ဖန်တီးပေးပါသော စိန်နန်းတော် မှ အကျိနဲ့ ဝန်ထမ်းများ အားလုံး ကိုလည်းကျေးဇူးတင်ပါတယ်ရှင်။ဒီလိုကာလ နေပူပူမှာ ဓာတ်ပုံတွေ စိတ်ချမ်းသာရအောင် အပင်ပန်းခံ ရိုက်ပေးပါသော Ko Ye Htut Urbanstudio နဲ့

မင်္ဂလာလက်မှတ်ထိုးဖို့ အစစအရာရာ မေတ္တာဖြင့် စီစဉ်ဆောင်ရွက်ပေးပါသော ရှေ့နေကြီး အန်ကယ် ဦးတင်မောင်အေးနဲ့ ဆရာ ကျော်စိုးမိုး လက်ထပ်စာချုပ်ကို ရက်တွေ ရွှေ့ရသမျှ မငြီးမငြူ စေတနာထား စီစဉ်ပေးတဲ့ Dagon printing မခင်ဘုန်းနဲ့

ဝန်ထမ်းများအားလုံး ကို ကျေးဇူး အထူး တင်ပါတယ် ရှင့်။ချစ်ပေးကြတဲ့ မိတ်တွေများအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ် ရှင့် Love u all.

Credit – ဒေါက်တာ မြဝတ်ရည်