တရားခံ ၏ သမီးထံ မှ ငွေ ကျပ် (၁၀) သိန်းတောင်း လို့ လှိုင်မြို့မရဲစခန်း စခန်း မှူး ကို အဂတိ လိုက်စားမှုနဲ့ အရေးယူပြီ

တရားခံ ၏ သမီးဖြစ်သူထံ မှ အာမခံရရှိရေးအတွက် ငွေကျပ် ၁၀ သိန်းတောင်းခံခဲ့ သည့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့မရဲစခန်း မှ စခန်းမှူး (ယခု ဟိုပန်းမြို့နယ် ရဲတပ်ဖွဲ့မှူး) အား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က အဂတိ လိုက်စားမှုဖြင့် အမှုဖွင့်အရေးယူခဲ့ကြောင်း ယနေ့ မေ ၂၇ က သတင်း ထုတ်ပြန် သည် ။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး ၊ လှိုင်မြို့နယ်တရားရုံး၊ ရာဇဝတ်ကြီးမှုအမှတ် ၁၀၅၁/ ၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၂၉၅-က ဖြင့် တရားစွဲဆိုခံရသည့် အမှုနှင့်ပတ်သက်ပြီး အာမခံရရှိရန် မြို့နယ်တွဲ ဖက် တရားသူကြီးနှင့် လှိုင်မြို့မစခန်းမှူးတို့ ကို

ကျပ် (၁၀) သိန်းပေးခဲ့ရခြင်းနှင့် ပတ်သက် ၍ တိုင်ကြားစာအရ ကော်မရှင်မှ စုံးစမ်းစစ်ဆေးခဲ့ရာ တွင် လှိုင်းမြို့မစခန်းမှူး (ယခု ဟိုပန်းမြို့နယ်ရဲတပ်ဖွဲ့မှူး) ဒုရဲမှူးသိန်းဆွေမြင့်သည် ၂၀၁၈ မတ် ၅ ရက်က

တရားခံ၏ သမီးဖြစ်သူထံမှ ငွေကျပ် ၁၀ သိန်း ကို တရားသူကြီးအားပေးရန် ဟုဆို ကာ လာဘ်ငွေကို လက်ခံခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သည် ဟု ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

ယင်းသို့ ငွေကျပ် ၁၀ သိန်းလာဘ် ယူခဲ့သည့် စခန်းမှူး ဒုရဲမှူးသိန်းဆွေမြင့်( ယာယီရဲမှူး) အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၇ အရ ရန်ကုန်တိုင်းဒေသကြီး ၊ လှိုင်မြို့မရဲစခန်းတွင် မေ ၂၅ ရက်က

ပထမ သတင်းပေးတိုင်ကြားချက်ဖွင့်လှစ်ခဲ့ပြီး တရားစွဲဆိုအရေးယူနိုင်ရေး အတွက် ဆောင်ရွက်လျက်ရှိကြောင်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် မှသိရသည် ။