ဝေဘာဂီဆေးရုံအတွက် သွေးရည်ကြည်လှူဒါန်းကာ တာဝန်ကျ ဆရာဝန်၊ဆရာမများအတွက် ဂုဏ်ပြုသီချင်းသီဆိုပေးခဲ့တဲ့ နီတာ

လက်ရှိ ပျံ့နှံ့နေတဲ့ Covid 19 ရောဂါပိုးကနေ ပိုးကူးစက်ခံရကာ ဝေဘာဂီဆေးရုံမှာ ဆေးကုခံယူခဲ့တဲ့ အဆိုတော်နီတာကိုတော့ ပရိသတ်ကြီးလည်း ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။

Covid 19 ရောဂါပိုး မြန်မာနိုင်ငံကို စတင်ဝင်ရောက်လာခဲ့တဲ့ အချိန်အတော်ကြာတဲ့ အချိန်မှာ အဆိုတော် နီတာရဲ့ Positive ဖြစ်နေတဲ့ သတင်းဟာ လူထုကြားမှာ ပျံ့နှံ့ကာ တုန်လှုပ်မှုတွေ စတင်ဖြစ်ခဲ့တဲ့ အချိန်လို့ ဆိုရမှာပါ.။

နီတာက ပိုးကူးစက်ခံရသူဖြစ်ပေမယ့် မိသားစုဝင် တစ်ဦးတစ်ယောက်မှ ပိုးကူးစက်ခံသူတွေ မရှိခဲ့ဘဲ သူတစ်ဦးသာ ဝေဘာဂီဆေးရုံမှာ ရက်သတ္တပတ်ကြာ ဆေးကုသမှု ခံယူခဲ့ပြီး နှစ်ကြိမ်တိတိ ဆေးစစ်ခဲ့တဲ့ အဖြေမှာ Negative ထွက်တာကြောင့် မကြာသေးမီကမှ ဆေးရုံကနေ ဆင်းခွင့်ရခဲ့ပါတယ်.။

နီတာဟာ သူကိုယ်တိုင် ပိုးကူးစက်ခံနေရပေမယ့် အားမလျော့ဘဲ အေးအေးချမ်းချမ်းလေးပဲ ဆေးကုသမှုတွေကို စနစ်တကျ ခံယူခဲ့တာပဲဖြစ်ပါတယ်.။ ဆေးစစ်ချက် Negative အဖြေထွက်တဲ့အချိန်မှာလည်း သတင်းကောင်းလေးနဲ့ မျှော်လင့်ချက်လေးကို

ဦးဆုံးလူမှုကွန်ရက်စာမျက်နှာပေါ်မှတစ်ဆင့် မျှဝေခဲ့ပါတယ်.။ နီတာက ဆေးရုံကနေ မဆင်းခင်အချိန်လေးမှာ ပျော်ရွှင်စွာ နှုတ်ဆက် သီချင်းလက်ဆောင် ဆိုခဲ့ပြီး ဆေးရုံကနေ ဆင်းခဲ့ပါတယ်.။

ဒီနေ့ မေလ (၂၈)ရက်နေ့မှာတော့ နီတာက ဝေဘာဂီဆေးရုံမှာ သွေးရည်ကြည်လှူခဲ့ပြီး တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန်နဲ့ ဆရာမများအတွက် ဂုဏ်ပြုသီချင်းသီဆိုပေးခဲ့တဲ့ ပုံရိပ်လေးတွေကို “ဝေဘာဂီဆေးရုံတွင် ဆေးရည်ကြည်ကုထုံးအတွက် သွေးလှူပြီးဆရာဝန်ဆရာမများအတွက် ဂုဏ်ပြုသီချင်းသီဆိုပေးခဲ့ပါတယ်” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။

နီတာကတော့ လူနာများအတွက် အစွမ်းကုန်ကြိုးစား တာဝန်ထမ်းဆောင်နေတဲ့ ဝေဘာဂီဆရာဝန်နဲ့ ဆရာမများအတွက် ဂုဏ်ပြုသီချင်းလေးကို သီဆိုခဲ့တာပဲဖြစ်ပါတယ်နော်.ပရိသတ်ကြီး.။

ပရိသတ်ကြီးလည်း လူနာများအတွက် အစွမ်းကုန်ကြိုးစားဆောင်ရွက်ပေးနေတဲ့ ဆရာဝန်နဲ့ ဆရာမများအတွက် သွားရောက်ကာ သီချင်းလေးနဲ့ ဂုဏ်ပြုအားပေးခဲ့တဲ့ နီတာကို အားပေးရင် မှတ်ချက်လေးတွေ ရေးပေးခဲ့ပါဦးနော်.။

Source: Ni Tar Vocalist’s Facebook

Sakura