အိမ်ထောင်သက် (၁၆) နှစ်ပြည့်သွားပေမယ့် ကြည်လဲ့လဲ့ဦးအပေါ် အရင်ကအတိုင်း ရင်ခုန်ပြီး ချစ်နေသေးတယ်ဆိုတဲ့ ဇာနည်

ဆံပင်တိုတိုကပ်ကပ်လေးနဲ့ တစ်ချိန်က ပရိသတ်တိုင်းချစ်ခဲ့ရတဲ့ မင်းသမီးချောလေး ကြည်လဲ့လဲ့ဦးဟာ သရုပ်ဆောင် ဇာနည်နဲ့ (၂၀၀၄)ခုနှစ်မှာ လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။ အိမ်ထောင်ကျပြီးနောက်ပိုင်း အနုပညာလုပ်ငန်းတွေနဲ့ အလှမ်းဝေးသွားခဲ့ပေမယ့် ပရိသတ်တွေကတော့

ဇာနည်နဲ့ကြည်လဲ့လဲ့ဦးတို့ ဇနီးမောင်နှံကို ဒီနေ့ဒီအချိန်ထိ သတိတရ အားပေးချစ်ခင်နေကြဆဲ ဖြစ်ပါတယ်။ ဇာနည်နဲ့ ကြည်လဲ့လဲ့ဦးတို့ ဇနီးမောင်နှံက အနုပညာလုပ်ငန်းတွေ ရပ်နားလိုက်ပြီး သားသမီးသုံးယောက်ကိုသာ အချိန်ပေးဂရုစိုက်နေကြတာ ဖြစ်ပါတယ်။

ဒီကနေ့ မေလ (၂၈)ရက်နေ့ကတော့ ဇာနည်နဲ့ကြည်လဲ့လဲ့ဦးတို့ ဇနီးမောင်နှံရဲ့ မင်္ဂလာသက်တမ်း (၁၆)နှစ် ပြည့်တဲ့နေ့လေးပဲ ဖြစ်ပါတယ်။ မင်္ဂလာသက်တမ်း (၁၆)နှစ်ပြည့်မှာ ဇာနည်က

“Happy Anniversaryပါ မိန်းမ❤❤❤ လွန်ခဲ့တဲ့(၁၅)နှစ်ကလည်း ဒီ​​နေ့အတိုင်း မနက်ဖြန်အတွက်ကို ဒီ​နေ့လိုပဲရင်ခုန်ခဲ့မိပါတယ်။ အခု​တော့ အိမ်​ထောင်သက်လည်း( ၁၆ )နှစ်ပြည့်ပါပြီ။

အရင်ကထက်လည်း ပိုချစ်ပြီး မနက်ဖြန်အတွက်ကိုလည်းအရင်ကထက်ပိုရင်ခုန်မိ​နေပါသည် ” ဆိုပြီး ဇနီးလေး ကြည်လဲ့လဲ့ဦးကို ချစ်စကားပြောထားပါတယ်။

ဇာနည်နဲ့ ကြည်လဲ့လဲ့ဦးကတော့ အိမ်ထောင်သက် (၁၆)နှစ်အတွင်း တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ကြင်နာမှုတွေနဲ့ လွှမ်းခြုံရစ်ပတ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဇာနည်နဲ့ ကြည်လဲ့လဲ့ဦးတို့

ဇနီးမောင်နှံလည်း အိမ်ထောင်သက် (၁၆)နှစ်ပြည့်မှသည် နောက်နှစ်ပေါင်းများစွာတိုင် ချစ်ရတဲ့မိသားစုလေးနဲ့ ရာသက်ပန်ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

credit_