သံဃာတော်တွေရဲ့အိမ်သာတွေကို အခွင့်အရေး ရရင်ရသလို ကိုယ်တိုင်ဆေးပြီးကုသိုလ်ယူလေ့ရှိတဲ့ ဟန်နာယူရီ

ပရိသတ်ကြီးရေ ဟန်နာယူရီလေးကတော့ မိတ်ကပ် ဖန်တီးမှုပညာကို နိုင်ငံခြားမှာတက်ရောက်ခဲ့တဲ့သူတစ်ယောက်ပါ။ ကိုရီးယားမလေးလို ချစ်စရာ

ကောင်းတဲ့ ဟန်နာယူရီလေးကတော့ မိတ်ကပ်ပညာမှာကျွမ်းကျင်ရုံသာမက အခုနောက်ပိုင်းမှာတော့ ဖိုတိုမော်ဒယ်လ် အနေနဲ့ အနုပညာအလုပ်

တွေကိုလုပ်ကိုင်လာပြီး Music MTV တွေမှာလည်း သရုပ်ဆောင်လာတာတွေ့ရတာပဲ ဖြစ်ပါတယ်။ မြန်မာပြည်မှာသာအမြဲ နေထိုင်နေတာမဟုတ်ဘဲ

ပြည်ပမှာသာအနေများတဲ့ သူလေးလည်း ဖြစ်ပြီး နိုင်ငံကျော် အနုပညာရှင်တွေများစွာ နဲ့လည်း သူငယ်ချင်းတွေ ဖြစ်ပါတယ်နော်။ ကိုရီးယားမလေးလို

လှပလွန်းတဲ့ သူမကတော့ ချစ်တဲ့ပရိသတ်တွေအတွက် သူမရဲ့ လှုပ်ရှားမှုတွေအပြင် TikTok လေးတွေပါ ရိုက်ကူးကာ ပရိသတ်တွေကို ဝေမျှလေ့

ရှိသူလေးပါ။ ဒီနေ့မှာတော့ အခွင့်ရေးရရင်ရသလိုလုပ်ဖြစ်တဲ့ ကုသိုလေးကိုပြောပြလာတာပဲ ဖြစ်ပါတယ်။”လုပ်အားဒါနတွေထဲမှာ ဒီသံဃာတော်တွေရဲ့

အိမ်သာဆေးတာတွေတို့ ဒါတွေကမွန်မြတ်တဲ့ကုသိုလ်ပါရှင် riတို့ အရင်ဘဝဟောင်းတွေကမသိခဲ့တဲ့ကံဆိုးတွေလည်းကျေ ဖယ်ရှားသလိုပေါ့

အရမ်းလည်းအေးချမ်းတယ် riကဒီကုသိုလ်ကိုကြုံရင်ကြုံသလိုအမြဲလုပ်ပါတယ်။ အားလုံးကိုလည်းအံလိုလုပ်အားဒါနလေးတွေလုပ်စေချင်ပါတယ်”ဆိုတဲ့

စာလေးနဲ့ တိုက်တွန်းခဲ့တာပဲ ဖြစ်ပါတယ်။ ပရိတ်ကြီးကို ဟန်နာယူရီရဲ့ မွန်မြတ်တဲ့စိတ်ထားလေးကိုချစ်ရင်မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

ခရက်ဒစ်