ပရိသတ်တွေအတွက် ချစ်ညီမနိုင်ဖြိုးဥနဲ့အတူ ဖြတ်သန်းခဲ့တဲ့ ငယ်ဘဝအမှတ်တရလေးတွေကို ချပြလာတဲ့ ပိုင်ဖြိုးသု

မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတွေထဲက တစ်ယောက်အပါအဝင်ဖြစ်တဲ့ မင်းသမီး ပိုင်ဖြိုးသုကိုတော့ ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ ပရိသတ်တွေရဲ့ အချစ်နဲ့ အားပေးမှုတွေကို

သူမရဲ့ သရုပ်ဆောင်ချက် အမိုက်စားတွေနဲ့ သိမ်းပိုက်ခဲ့တဲ့သူပဲဖြစ်ပါတယ်.။ “မီ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ စတင်ကာ အနုပညာအလုပ်တွေကို လုပ်ကိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ ချီးကျူးမှုနဲ့ အားပေးမှုတွေကို တစ်ခဲနက်ရရှိခဲ့သူပါ.။

ပိုင်ဖြိုးသုဟာ သူမရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတိုင်းမှာ ပရိသတ်တွေလက်ဖျားခါ အံ့သြသွားရလောက်အောင်ကို သူမရဲ့ အနုပညာအပေါ် ရူးသွပ်မှုတွေကို ချပြနိုင်သူပဲဖြစ်ပါတယ်။ ပိုင်ဖြိုးသုက သူမရဲ့ငယ်ဘဝပုံရိပ်လေးတွေကို ချပြလေ့မရှိပေမယ့်

ဒီနေ့ မေလ (၂၉)ရက်နေ့မှာတော့ ညီမဖြစ်သူ နိုင်ဖြိုးဥနဲ့အတူ ရှိခဲ့တဲ့ ငယ်ဘဝအမှတ်တရပုံရိပ်လေးတွေကို “ဒါ ဘယ်သူ‌တွေလဲ..သိကြလား I owe you a lot for giving me the most amazing childhood memories and for still rocking my world” ” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။

ပိုင်ဖြိုးသုကတော့ ညီမဖြစ်သူနဲ့ တည့်လိုက်၊ ရန်ဖြစ်လိုက်နဲ့ ကြီးပြင်းလာခဲ့တဲ့ ငယ်ဘဝက အမှတ်တရလေးတွေကို ပရိသတ်တွေအတွက် ချပြပေးလာခဲ့တာပဲဖြစ်ပါတယ်နော်..ပရိသတ်ကြီး။

ပရိသတ်ကြီးအတွက်လည်း ပိုင်ဖြိုးသုတို့ညီအစ်မနှစ်ယောက်ရဲ့ ချစ်စရာကောင်းတဲ့ ငယ်ဘဝအမှတ်တရပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်.။

Source: Paing Phyoe Thu’s Facebook

Sakura