သူမနဲ့ တစ်ထေရာတည်း ရုပ်ချင်းတူတဲ့ မောင်ချောချောလေးကို ထုတ်ကြွားလာတဲ့ ပိုးကြာဖြူခင်

ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ ပရိသတ်တွေကို ဖမ်းစားနိုင်တဲ့ မင်းသမီးချောလေး ပိုးကြာဖြူခင်က MRTV – 4 ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ အောင်မြင်မှုရရှိခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပိုးကြာဖြူခင်က ဇာတ်သံဇာတ်လမ်းတွဲတွေမှာ ခေါင်းဆောင်မင်းသမီးအဖြစ်

သရုပ်ဆောင်နေရုံသာမကပဲ သီချင်းတွေကိုလည်း သီဆိုနေပြီး အဆိုတော်တစ်ယောက်အဖြစ်ပါ ရပ်တည်ဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ ပိုးကြာဖြူခင်ရဲ့ အနုပညာလှုပ်ရှားမှုတိုင်းကို ချစ်ခင်စွာ အားပေးကြပါတယ်။

ဒီကနေ့မှာတော့ ပိုးကြာဖြူခင်က သူမရဲ့ တစ်ထေရာတည်း ရုပ်ချင်းဆင်တဲ့ မောင်ချောလေးကို ထုတ်ကြွားလာပါတယ်။ ပိုးကြာဖြူခင်က “ဒီညနေ မောင်မောင်အုပ်နဲ့ ကြက်တောင်ရိုက် 💃 ပြီးတော့ ကန်တော်ကြီး ပါတ်ပြေး 😷 မောလိုက်တာအေ။ မှတ်ချက်။ ။ ကျွန်မမောင် ဓါတ်ပုံအား ရွှေတိဂုံဘုရား ရှိ ကျားပါးစပ်ထဲ မထည့်ရ 🤨😜” ဆိုပြီး သူမရဲ့ ပရိသတ်တွေကို စနောက်ထားပါသေးတယ်။

ပိုးကြာဖြူခင်ရဲ့ မောင်လေးကတော့ တက္ကသိုလ်ပထမနှစ်ကျောင်းသားတစ်ယောက်ဖြစ်ပြီး အစ်မဖြစ်သူရဲ့ တတွဲတွဲရှိနေတတ်တာကြောင့် ပရိသတ်တွေနဲ့ မစိမ်းပါဘူး။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ ပိုးကြာဖြူခင်တို့ မောင်နှမပုံရိပ်ကိုကြည့်ပြီး ပိုးကြာဖြူခင်ကို ယောင်းမတော်ချင်စိတ်ပေါ်လာမယ် ထင်ပါတယ်နော်။

Source: Poe Kyar Phyu Khin’s fb
Bilie