ဂီတပိုင်းမှာပဲ ကျွမ်းကျင်ရုံ မက အချက်အပြုတ် မှာ လည်း ဆရာတစ်ဆူဖြစ်ကြောင်း သက်သေပြ လိုက် တဲ့ စိုင်းစိုင်းခမ်းလှိုင်

ပရိသတ်ကြီးရေ အဆိုတော်တွေထဲမှာ စိုင်းစိုင်းခမ်းလှိုင်ကတော့ အဆိုလောကမှာ အောင်မြင်မှုကို ကြာရှည်စွာထိန်းထားနိုင်တဲ့ ထိပ်တန်းရှားရှားပါးပါးအနုပညာရှင်တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေ အရွယ်မျိုးစုံ အားပေးတဲ့သူတစ်ယာက်ဆိုလည်း မမှားပါဘူးနော်။

စိုင်းစိုင်းကတော့အမြဲနုပျိုလန်းဆန်းနေကြောင်းကို သူ့ရဲ့သီချင်းတွေနဲ့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာက စာသားတွေကိုကြည့်ရင်သိနိုင်ပါတယ်။

အနုပညာလောကမှာ ဝေဖန်မှု တိုက်ခိုက်မှုတွေကို အများဆုံးခံရတဲ့အနုပညာရှင်တစ်ဦးပါ။စိုင်းစိုင်းခမ်းလှိုင်တစ်ယောက်ကတော့ ဒေါသအလျောက် တုံ့ပြန်တာမျိုးလဲ မဟုတ် မျက်ကွယ်ပြုတာမျိုးလဲ မဟုတ်ပဲ ပညာသားပါပါ ချစ်စဖွယ်တုံ့ပြန်တတ်တဲ့ အနုပညာရှင်တစ်ဦးဆိုလည်းမမှားပါဘူးနော်။

ဂီတပိုင်းမှာဆရာတစ်ဆူဖြစ်သလို အခုလိုStay Homeကာလမှာ လည်း ကိုယ်တိုင် မီးဖိုချောင်ဝင်ကာ ဟင်းချက်ကြောင်း ကိုသူရဲ့လူမှုကွန်ရက်စာမျက်နှာ My day မှာ “self cook, how do u think “ဆိုတဲ့စာလေးနဲ့ သူကိုယ်တိုင်ချက်ထားတဲ့ပုံလေးကို တင်လာခဲ့တာပါ။

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲအနုပညာရှင်စိုင်းစိုင်းကတော့ဘက်စုံတော်တဲ့ သူတစ်ယောက်ပါပဲနော်။

Soure : SaiSaiKhamLeng ‘s Myday
Credit