လယ်လုပ်ပြီး ဘွဲ့ရတဲ့ထိ ရှာကျွေးခဲ့တဲ့ မိဘနှစ်ပါးကို ချမ်းချမ်းသာသာနဲ့ ကျေးဇူးပြန်ဆပ်ပေးနေတဲ့ မင်းသားနေယံ

နေယံဟာ ဗီဒီယိုရုပ်ရှင်များစွာ ရိုက်ကူးခဲ့သူဖြစ်ပြီး ကျရာဇာတ်ရုပ်မှာ ပီပြင်အောင် သရုပ်ဆောင်နိုင်တာကြောင့်ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတဲ့ မင်းသားတစ်လက်ပါ…

မင်းသားနေယံဟာ သူ့ကို လယ်လုပ်ပြီး ကျွေးမွေးလာတဲ့ မိဘနှစ်ပါးနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်မှာ ခုလို ပြောပြခဲ့ပါတယ်..

“သားသမီးတွေကို လယ်ယာလုပ် ခြံစိုက်ပျိုးဈေးရောင်းပြီး ဘွဲ့ရတဲ့အထိ တက်နိုင်တာ အစွမ်းကုန် ကြိုးစားရှာဖွေပြုစုစောင့်ရှောက်ခဲ့တာ အရမ်းပင်ပန်းခဲ့တယ်.. ဒီချိန်မှာ ဒီလောက်လေးပြုစုခွင့်ရတာလေးကို ဘဝမှာအလိုချင်ဆုံးအရာပါ..

ကျန်တာတွေ အရမ်းမမက်မောပါဘူး.. အိပ်ခန်းထဲတောင်သွားမအိပ်တော့ဘူး ကလေးနှစ်ယောက် တစ်နေ့တစ်နေ့ပြောလိုက်တဲ့စကားတွေ ခုမှတွေ့တာကျနေတာပဲ နှစ်ယောက်သား..

ခုတော့ အိပ်ပျော်သွားကျပြီ ” ဆိုပြီးအဖေအမေရဲ့ ကြည်နူးစရာပုံရိပ်လေးတွေနဲ့အတူ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။

မိဘကျေးဇူးကို သိတတ်ပြီး အကောင်းဆုံးကျေးဇူးဆပ်နေတဲ့ မင်းသား နေယံအတွက် ယခုထက်မကအောင်မြင်ပါစေလို့ဆုတောင်းပေးခဲ့ကြပါအုံးနော်..

Writer ; Kwee

Source ; Nay Yan