အိမ်လာလည်တဲ့ သမီးငယ်ဆွိချိုကို ကိုယ်တိုင်ကိုယ်ကျ စားစရာတွေပြင်ဆင်ပေးနေတဲ့ ဟန်ထူးလွင်

Big Bag Band ရဲ့ ပင်တိုင်အဆိုတော်တစ်ယောက်ဖြစ်တဲ့ ဟန်ထူးလွင်က လူငယ်ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားသူပါ။ ဟန်ထူးလွင်က ပြီးခဲ့တဲ့လပိုင်းကပဲ ဇနီးဖြစ်သူ ဇုံဇုံနဲ့ တရားဝင်ကွာရှင်း ပြတ်ဆဲခဲ့တာ ဖြစ်ပါတယ်။

ဟန်ထူးလွင်က ဇနီးဖြစ်သူနဲ့ ကွာရှင်းလိုက်ပေမယ့် သမီးတွေနဲ့ အဆက်အသွယ် မပြတ်ရှိနေဆဲဖြစ်ပြီး အမြဲတမ်းလိုလို သမီးလေးတွေနဲ့အတူတူ အချိန်ကုန်ဆုံးလေ့ရှိတာပဲ ဖြစ်ပါတယ်။

ဒီနေ့မှာလည်း ဟန်ထူးလွင်က သူ့အိမ်ကို လာလည်တဲ့ သမီးငယ် ဆွိချိုကို သေသေချာချာလေး ဂရုစိုက်နေတာကို တွေ့ရပါတယ်။ ဟန်ထူးလွင်က သမီးငယ်ကြိုက်တတ်တဲ့ မုန့်တွေကို သူကိုယ်တိုင် သေသေချာချာလေး ပြင်ဆင်ပြီး ကျွေးမွေးနေတာကို ကြည်နူးစရာတွေ့ရပါတယ်။

ဟန်ထူးလွင်ရဲ့ သမီးငယ်လေး ဆွိချိုကတော့ ငယ်စဉ်ကတည်းက ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိပိုင်ဆိုင်ထားသူလေး ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ကြည်နူးဖို့ကောင်းတဲ့ ဟန်ထူးလွင်တို့ သားအဖနှစ်ယောက်ရဲ့ ပုံရိပ်လေးကိုကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်နော်။

Source: Han Htue Lwin’s fb
Bilie