စည်သူပလပ်ကျွတ်ကို ဆန် ၆ ပြည်အိတ်လေးလက်ဆောင်ပေးရင်း ဖိနပ်၅ရံဝယ်ယူအားပေးခဲ့တဲ့ ခင်လှိုင်

ဝါရင့်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ခင်လှိုင်ကတော့ ကျရာနေရာမှာ အကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်နိုင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုလည်း အပြည့်အဝရယူထားနိုင်ခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။

ပရိသတ်တွေကို ပျော်ရွှင်ရယ်မောအောင်ပြုလုပ်နိုင်ပြီး ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့တဲ့ ခင်လှိုင်ကတော့ အေးချမ်းသာယာတဲ့ မိသားစုလေးကို တည်ဆောက်ထားနိုင်သူတစ်ယောက်ပဲဖြစ်ပါတယ်။

ခင်လှိုင်ကတော့ ယခုမှာ စည်သူပလပ်ကျွတ်ကို ဆန် ၆ ပြည်အိတ်လေးလက်ဆောင်ပေးရင်း ဖိနပ်၅ရံဝယ်ပြီး အားပေးခဲ့ပါတယ်။ခင်လှိုင်ကတော့ ” လေးစားပါတယ်…ချစ်ညီလေးစည်သူ..မိသားစုတစ်ခုကိုဦးဆောင်နေရတဲ့ အိမ်ထောင်ဦးစီးကောင်းပီသပါတယ်

တက်ကျိုးရင်လက်ထိုးလှော်မယ်ဆိုတဲ့ ဇွဲသတ္တိရှိမှ လဲကျနေရင်တောင်မှပြန်ထနိုင်မှာ ..ချစ်မိတ်ဆွေအပေါင်းတို့ခင်ဗျာ ” ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ် ။

ခင်လှိုင်ကတော့ ” ညီလေးစည်သူ(ပလပ်ကြွတ်) ရောင်းနေတဲ့ Papiloဖိနပ်လေးတွေအားပေးလိုက်ပါအုံးခင်ဗျာ ကျွန်တော်ကတော့ ညီလေးစည်သူအတွက် ဆန် ၆ ပြည်အိတ်လေးလက်ဆောင်းပေးရင်း ဖိနပ် ၅ ရံဝယ်ပြီးအားပေးလိုက်ပါတယ် ” ဆိုပြီး

လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ် ။ချစ်ပရိသတ်တွေအတွက် စွယ်စုံရအနုပညာရှင်တစ်ယောက်ဖြစ်တဲ့ခင်လှိုင်ရဲ့ စည်သူပလပ်ကျွတ်အတွက် ဆန်အိတ်လက်ဆောင်ပေးခဲ့တဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source : Khin Hlaing’s FB Acc